- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ အကျဉ်းသားနှင့်အချုပ်သား ၆၀၀ ကျော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး
ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များ၌ အကျဉ်းကျနေသူများနှင့် အချုပ်သား ၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
06 Nov 2021
DMG ၊ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များ၌ အကျဉ်းကျနေသူများနှင့် အချုပ်သား ၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
“အကျဉ်းသား၊ အချုပ်သား ၆၈၆ ယောက်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီးပါပြီ။ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးပါ” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။
လက်ရှိကာကွယ်ဆေးထိုးနှံပြီးသူများမှာ စစ်တွေအကျဉ်းထောင်မှ ၁၄၉ ဦး၊ မြောက်ဦးအချုပ်ထောင်မှ ၇၂ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၂၅၅ ဦး၊ သံတွဲနှင့်တောင်ကုတ်အကျဉ်းထောင်များမှ အကျဉ်းသားအချို့ပါဝင်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ရဲစခန်းမှာရှိတဲ့ အချုပ်သားတွေ ကိုဗစ်ကာကွယ်ဆေးထိုးမယ်လို့ ဆက်သွယ်အကြောင်းကြားလာရင် ဆေးသွားထိုးပေးမှာပါ”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
သို့သော် အကျဉ်းသားနှင့် အချုပ်သားအချို့မှာ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက် ၁၉ သိန်းခန့်ရှိသည့်အထဲမှ လူဦးရေငါးသိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်သည်။
ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ငါးရာခိုင်နှုန်းအောက်ကျဆင်းလာသောကြောင့် ဂွမြို့နယ်မှအပ ကျန်မြို့နယ်များတွင် အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။
ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄၅၇၅ ဦးရှိခဲ့ပြီး ၄၉၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ နိုဝင်ဘာ ၄ ရက်နေ့အထိစာရင်းအရ သိရသည်။