- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရသေ့တောင်တွင် မြန်မာစစ်တပ်မှ လှည့်လည်သွားလာနေမှုကြောင့် ကျေးရွာလေးရွာမှ ဒေသခံများထွက်ပြေးနေရ
ရသေ့တောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းဝင်ရောက်လာနေမှုကြောင့် ကျေးရွာလေးရွာခန့်မှ ဒေသခံများမှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
18 Jul 2022
DMG ၊ ဇူလိုင် ၁၈
ရသေ့တောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းဝင်ရောက်လာနေမှုကြောင့် ကျေးရွာလေးရွာခန့်မှ ဒေသခံများမှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ယနေ့(ဇူလိုင် ၁၈ ရက်) နံနက် ၉ နာရီကျော်ခန့်က မြန်မာစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်(၁၀၀)ဦးခန့်မှာ လက်နက်များကိုင်ဆောင်ပြီး ပြားချောင်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ခြင်း၊ င/တောက်တူချေစစ်ဘေးရှောင်စခန်းအနီးသို့ ဝင်ရောက်ခြင်းတို့ကြောင့် ထိုသို့ထွက်ပြေးတိမ်းရှောင်ရခြင်းဟု ဒေသခံများကဆိုသည်။
လက်ရှိတွင် ပြားချောင်းကြီး၊ င/တောက်တူချေ စစ်ဘေးရှောင်စခန်း၊ ပြင်ခေါင်နှင့် အလယ်ရွာချေကျေးရွာတို့မှ ဒေသခံများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“မနက်ပိုင်း ၉ နာရီလောက်က စစ်သားတွေ ပြားချောင်းကြီးရွာကို အရင်ဝင်လာတယ်။ ပြီးရင် ရဲသားတွေဝင်လာတယ်။ အဲဒါကြောင့် အနီးအနားကကျေးရွာသားတွေမှာ အကုန်လုံးထွက်ပြေးကြတယ်ပေါ့။ စစ်ဆေးမေးမြန်းခဲ့တာတွေတော့ မရှိဘူး”ဟု ၎င်းကဆိုသည်။
မြန်မာစစ်တပ်က ကျေးရွာအတွင်းဝင်ရောက်နေခြင်းကြောင့် ထမင်းချက်နေရာမှ ထွက်ပြေးလာခဲ့ရသည်ဟု ပြားချောင်းကြီးကျေးရွာမှ မခင်ယဉ်ကဆိုသည်။
“ကျမတို့က ထမင်းချက်နေရင်းနဲ့ ထွက်ပြေးလာတာပါ။ ကျေးရွာထဲမှာ လမ်းမလျှောက်နိုင်တော့တဲ့ သက်ကြီးပိုင်းတွေပဲ ကျန်ခဲ့တော့တယ်။ ကျမတို့က တခြားတစ်ရွာကိုရောက်နေပါပြီ။ ရွာမှာ ကျန်ခဲ့တဲ့ အဘိုး၊ အဘွားတွေကိုလည်း စိုးရိမ်နေရတယ်”ဟု ဆိုသည်။
ရသေ့တောင်မြို့နယ် ပြင်ခေါင်ကျေးရွာမှ ဦးဘညွှန့်ကလည်း စစ်သားတချို့ ပြန်လှည့်သွားသူရှိသလို တချို့မှာ ပြားချောင်းကြီးကျေးရွာအတွင်းတွင် ရှိနေသေးသည်ဟု ဆိုသည်။
“စစ်သားတွေ ပြန်သွားကြတာတွေလည်းရှိတယ်။ တချို့တော့ မပြန်သေးဘူး။ အဲဒါကြောင့် ရွာသားတွေလည်း ကိုယ့်ရွာပြန်သွားသူတွေရှိသလို တချို့မှာလည်း မပြန်ကြသေးဘူး။ အဖမ်းအဆီးတော့ မကြားပါဘူး”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမအပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ နားလည်မှုသဘောဖြင့် အပစ်ရပ်ခဲ့ကြသည်။ ယင်းနောက်တွင် ရက္ခိုင့်တပ်တော်သည် အုပ်ချုပ်ရေး၊
တရားစီရင်ရေးကိစ္စရပ်များကိုဆောင်ရွက်လာသောကြောင့် မြန်မာစစ်တပ်သည် တစ်ရွာဝင်တစ်ရွာထွက်သွားလာကာ ULA/AA နှင့်မပတ်သက်ရန် ပြောဆိုမှုများလည်းရှိနေသည်။ လက်ရှိတွင် နှစ်ဘက်တပ်များကြား စစ်ရေးတင်းမာနေသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိနေ၍ ဒေသခံများက စိုးရိမ်နေကြသည်။