- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
PDF နှင့်ဆက်စပ်ဖမ်းဆီးခံထားရသည့် သံတွဲမှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွဲကို သံတွဲမြို့နယ်တရားရုံးသို့တင်သွင်း
PDF အဖွဲ့နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုတွဲကို သံတွဲမြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၈ ရက်နေ့က တင်သွင်းလိုက်ကြောင်းသိရသည်။
09 Nov 2021
DMG ၊ နိုဝင်ဘာ ၉
PDF အဖွဲ့နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုတွဲကို သံတွဲမြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၈ ရက်နေ့က တင်သွင်းလိုက်ကြောင်းသိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ရန် ချိန်းဆိုထားကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။
ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှတရားလိုပြုလုပ်ကာ အမှုတွဲတင်ထားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
PDF အဖွဲ့နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသည့်အပေါ် ကိုရဲနိုင်ဦး၏ညီဖြစ်သူ ကိုရဲနိုင်ထွေးက"ကျနော်တို့လို လက်လုပ်လက်စားတွေက ကယ်ရီအငှားဆွဲတယ်။ ဒါကြောင့် အခုလိုဖမ်းဆီးတာ မဖြစ်သင့်ဘူး"ဟု ပြောသည်။
မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်တစ်ဦးအား စစ်ဆေးထွက်ဆိုချက်အရဟုဆိုကာ အောက်တိုဘာ ၉ ရက်နေ့တွင် ကိုစိန်ချစ်ကို နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့သည်။ ကိုရဲနိုင်ဦးကိုမူ ကိုစိန်ချစ်နှင့်အတူ လုပ်ဆောင်နေသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုစိန်ချစ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကိုရဲနိုင်ဦးမှာ သုံးဘီးဆိုင်ကယ်မောင်းနှင်ကာ ကိုဗစ်ကာလအတွင်း ကိုစိန်ချစ်နှင့်အတူ ကိုဗစ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူဖြစ်သည်။
အလားတူ နိုဝင်ဘာ ၃ ရက်နေ့ကလည်း သံတွဲမြို့နယ်အတွင်းမှ ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်းအပါအဝင် မငြိမ်းအိဖြူကျော်၊ မတင်စန္ဒာဝင်းတို့ကိုလည်း PDF အဖွဲ့နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူမှာ ၆ ဦးအထိရှိလာပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးနှင့် သံတွဲ့မြို့နယ်မှ ၅ ဦးတို့ဖြစ်သည်။