- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌကို အကြမ်းဖက်မှုဥပဒေဖြင့် စွဲချက်တင်
PDF အဖွဲ့အား ငွေကြေးထောက်ပံသည်ဟုစွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် ယနေ့စွဲချက်တင်လိုက်ကြောင်း သိရသည်။
10 Mar 2022
DMG ၊ မတ် ၁၀
PDF အဖွဲ့အား ငွေကြေးထောက်ပံသည်ဟုစွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် ယနေ့စွဲချက်တင်လိုက်ကြောင်း သိရသည်။
ကိုမင်းကိုဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ၎င်း၏နေအိမ်အတွင်းရှိနေစဉ် ဖမ်းဆီးခံခဲ့ရပြီး တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူး ဇော်လတ်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုကို ယနေ့နံနက်က လျှောက်လဲချက်ပေးခဲ့ပြီး နေ့လယ်အချိန်တွင် စွဲချက်အမိန့်ချမှတ်ခဲ့သည်။ ယခုလာမည့် မတ်လ ၁၄ ရက်နေ့တွင် ကိုမင်းကိုဦးအား စတင်စစ်ဆေးရန်ချိန်းဆိုထားကြောင်း ကိုမင်းကိုဦး၏ဖခင်ဖြစ်သူ ဦးခင်မောင်စိန်ကပြောသည်။
"ဒီနေ့စွဲချက်တင်တယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)နဲ့။ လာမယ့်မတ်လ ၁၄ ရက်နေ့မှာ တရားခံဖြစ်တဲ့ကိုမင်းကိုဦးကိုစစ်ဆေးဖို့အတွက် တရားရုံးက ရုံးချိန်းထပ်မံချိန်းဆိုထားတယ်"ဟု ဆိုသည်။
ကိုမင်းကိုဦးမှာ လူမှုရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်နေသူတစ်ဦးသာဖြစ်ပြီး PDF အဖွဲ့အား ငွေကြေးထောက်ပံသည်ဟုဆိုခြင်းမှာ စွပ်စွဲခြင်းတစ်ခုသာဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း PDF အဖွဲ့များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် တောင်ကုတ်၊ သံတွဲ၊ မြောက်ဦးမြို့နယ်များမှ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိသည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။