- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်တွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရ
ရခိုင်ပြည် တောင်ကုတ်မြို့ ချောင်းသုံးခွ ကျေးရွာမှ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဇူလိုင်လ (၈) ရက်နေ့က ခဲအိုဖြစ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း တောင်ကုတ် ရဲစခန်းတာဝန်ရှိသူထံမှ သိရသည်။
09 Jul 2022
DMG ၊ ဇူလိုင် ၁၀
ရခိုင်ပြည် တောင်ကုတ်မြို့ ချောင်းသုံးခွ ကျေးရွာမှ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဇူလိုင်လ (၈) ရက်နေ့က ခဲအိုဖြစ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း တောင်ကုတ် ရဲစခန်းတာဝန်ရှိသူထံမှ သိရသည်။
ကျူးလွန်သူမှာ အသက် ၂၃ နှစ်အရွယ် ကိုထက်လင်းဇော် (ခ)ညီချေဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ ညနေက ချောင်းသုံးခွ ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး အစ်မ ဖြစ်သူက အဆိုပါမိန်းကလေး (ညီမဖြစ်သူ) အား ခေါ်ဆောင်ရန် လွှတ်လိုက်ကြောင်း ယောက်ခမကို ပြောဆိုကာ အဘေကျေးရွာသို့ ခေါ်လာခဲ့ကြောင်း သိရသည်။
ယင်းနောက် လမ်းခရီးဖြစ်သော သက္ကယ်ပြင်ကျေးရွာ နှင့် ရွာပကာကျေးရွာအကြားတွင် အဆိုပါ မိန်းကလေးငယ်အား အဓမ္မ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ရဲစခန်းမှ ရဲအုပ် ခင်မောင်ဆန်း ကပြောသည်။
“ကလေးငယ် ကိုခေါ်သွားပြီး ည ၁၀ နာရီအချိန်လောက်မှာ မိန်းမကိုယ်ကို သစ်ငုတ်ဝင်သွားလို့ ဆိုပြီး ယောက်ခမဖြစ်သူထံကို ပြန်လာပို့တယ်လို့ ပြောတယ်။ အဲဒီအခါ စစ်ဆေးတော့ သစ်ငုတ်ဝင်သွားတာ မဟုတ်ဘဲ အဓမ္မပြုကျင့်ထား တာဖြစ်နေတယ်။ (ကျူးလွန်ခံရသူ) ကလးငယ်ကလည်း သူ့ခဲအိုဖြစ်က သူ့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုထားခဲ့တယ် ” ဟု ပြောသည်။
ယခုအခါ အဓမ္မပြုကျင့်ခဲ့သူ ကိုထက်လင်းဇော် ကို ဖမ်းဆီးကာ အလိုမတူဘဲ သားမယားပြုကျင့်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်းလည်း ရဲအုပ်ခင်မောင်ဆန်း ဆိုသည်။
ကျူးလွန်သူမှာ မိန်းကလေး၏ အစ်မဖြစ်သူ၏ လင်ဖြစ်ပြီး အဘေကျေးရွာ တွင်နေထိုင်သူ ဖြစ်ကြောင်းသိရသည်။
ထို့အတူ ပြီးခဲ့သည် ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းကလည်း ကျောက်ဖြူမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းခလေး ငယ်တစ်ဦးကို အသက် ၁၄ နှစ်အရွယ် မှ အဓမ္မပြုကျင့် မှု ဖြစ်ပွားခဲ့သေးသည်။
ထိုနည်းတူစွာ ၂၀၂၀ ခုနှစ် ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်များ က ဂွမြို့နယ် မကျည်းငူကျေးရွာတွင် သက်ငယ်မုဒိမ်းမှု ၂ ကြိမ်ဖြစ်ပွားခဲ့သေးသည်။
ထို့အပြင် ငပလီမြို့၊ ဂျိတ္တောရပ်ကွက် တွင်လည်း သက်ငယ် မုဒိန်းမှုဖြစ်ပွား ခဲ့ပြီး ယင်းအမှုများတွင် ကျူးလွန်သူများကိုဖမ်းဆီးရမိထားသော်လည်း လက်ရှိအချိန်ထိ ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးကြောင်း သံတွဲမြို့နယ် အမျိုးသမီးအရေးလှုပ်ရှားသူများထံမှ သိရသည်။