- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ရှိ ကုန်း၊ ရေ၊ လေလမ်းကြောင်းများကို စည်းကမ်းချက်များ တင်းကြပ်စွာ လုပ်ဆောင်ထားကြောင်း ပြည်နယ်ကောင်စီပြော
ရခိုင်ရှိ ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းများကို ပိတ်ပင်ထားခြင်းမပြုလုပ်ဘဲ စည်းကမ်းချက်များတင်းကျပ်စွာ လုပ်ဆောင်ထားကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောသည်။
14 Jul 2021
DMG ၊ ဇူလိုင် ၁၄
ရခိုင်ရှိ ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းများကို ပိတ်ပင်ထားခြင်းမပြုလုပ်ဘဲ စည်းကမ်းချက်များတင်းကျပ်စွာ လုပ်ဆောင်ထားကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောသည်။
ခရီးသွားလမ်းကြောင်းများကို covid-19 ကြောင့် ပိတ်လိုက်မည်ဆိုပါက ပြည်သူများအခက်အခဲပိုမို ဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများ၏အကျိုးကိုချင့်ချိန်ပြီး ယခုလို ပြေးဆွဲခွင့် ပြုထားရခြင်းဖြစ်သည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။
“အခုပြည်နယ်အတွင်း သွားလာနေတဲ့ ရေကြောင်းနဲ့ပတ်သက်ပြီးတော့ စီးမယ်ဆိုရင် လက်သန့်ဆေးသုံးတဲ့ဟာမျိုး ယူရမယ်။Mask ကိုမဖြုတ်ပဲနဲ့စီးရမယ်။ ခရီးသည်တွေကလည်း ရေကြောင်းလိုင်းက သတ်မှတ်ထားတဲ့ သတ်မှတ်အတိုင်းလုပ်ရမယ်။ ရေကြောင်းလိုင်းတွေကို ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုကြပ်မတ်ပြီး လုပ်ရမယ်ဆိုတာကိုလည်း ကျနော်တို့က ညွှန်ကြားပြီးသားဖြစ်ပါတယ်” ဟု ဦးလှသိန်းက ပြောသည်။
ကိုဗစ်ကာကွယ်ရေးနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များကို ထုတ်ပြန်ထားသည့်အတွက် ခရီးသည်များမှာလည်း ကိုဗစ်ကာကွယ်ရေးနှင့်ပတ်သက်ပြီး မိမိကိုယ်ကိုစနစ်တကျတာဝန်ယူမှုများ၊ ရေကြောင်း၊ ကုန်းကြောင်းနှင့် လေကြောင်းလိုင်းများတွင်လည်း ကိုဗစ်ကာကွယ်ရေးနှင့်ပတ်သက်ပြီး စနစ်တကျ တာဝန်ယူလုပ်ဆောင်မည်ဆိုလျှင် ကိုဗစ်ကူးစက်နိုင်မှုအခြေအနေများ နည်းသွားမည်ဟု ဦးလှသိန်းကဆက်ပြောသည်။
“လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်အရေအတွက် အခြေအနေကိုမူတည်ပြီးတော့မှ ကျနော်တို့က ဒီခရီးသွားလမ်းကြောင်းတွေကို ပိတ်တာမလုပ်ဘူး။ စည်းကမ်းတွေတင်းကြပ်စွာလုပ်ပါတယ်” ဟု ပြောသည်။
အလားတူ လေဆိပ်များတွင် ခရီးသည်များကို သာမိုမီတာဖြင့် တိုင်းတာခြင်း၊ စီစစ်ခြင်းများပြုလုပ်ပြီး လေယာဉ်ဖြင့်လိုက်ပါသွားမည့် ခရီးသည်များဆိုလျှင်လည်း လေကြောင်းက ချမှတ်ထားသည့် စည်းကမ်းအတိုင်း သွားရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။
လက်ရှိရခိုင်ပြည်နယ်တွင် covid-19 တတိယလှိုင်းအတွင်း ရောဂါကူးစက်ခံရသည့်လူနာ စုစုပေါင်းမှာ ဇူလိုင် ၁၃ ရက်နေ့အထိ ၉၉၆ ဦးအထိရှိလာပြီး သေဆုံးသူ ၁၆ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးဌာနမှ သိရသည်။