- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဝန်ဖိုက်ဒီရေတောကို ရေရှည်ထိန်းသိမ်းနိုင်ရေး အကူအညီများလိုအပ်
ရခိုင်ပြည်နယ်၏ အထင်ကရဒီရေတောကြီးဖြစ်သည့် ဝန်ဖိုက်ဒီရေတောအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း ရမ်းဗြဲမြို့နယ်၊ ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
15 Jan 2022
DMG ၊ ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၏ အထင်ကရဒီရေတောကြီးဖြစ်သည့် ဝန်ဖိုက်ဒီရေတောအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း ရမ်းဗြဲမြို့နယ်၊ ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
ဝန်ဖိုက်ဒီရေတောတွင် တရားမဝင်သစ်ခိုးခုတ်ခြင်းကို ထိန်းသိမ်းကာကွယ်နိုင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစတင်ပြီး ရမ်းဗြဲမြို့နယ် မြောက်ပိုင်းတိုက်နယ်ရှိ ကျေးရွာ ၁၄ ရွာမှဒေသခံများက ကင်းလှည့်ဆောင်ရွက်ခဲ့ပြီး ရေရှည်ဆောင်ရွက်နိုင်ရန် အကူညီများလိုအပ်လျှက်ရှိကြောင်း ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာယကဆရာတော် အရှင်မဟိန္ဒက မိန့်ကြားသည်။
“တစ်လတစ်ခါကင်းလှည့်ဖို့အတွက် လူအင်အားကရှိပေမယ့် ငွေအင်အားကမရှိဘူးဖြစ်နေတယ်။ လက်ရှိက ဒီရွာတွေမှာ အလှူငွေကောက်ပြီး လိုအပ်တဲ့ငွေကိုရှာနေရတယ်။ ရေရှည်သွားမယ်ဆိုရင်တော့ ငွေအင်အားလိုအပ်တယ်” ဟု ဆရာတော်က ရှင်းပြသည်။
တစ်လလေးကြိမ် ကင်းလှည့်စစ်ဆေးမှုကြောင့် သစ်ခိုးခုတ်သည့်လှေအစီးရေ ရာနှင့်ချီဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ဒီရေတောထိန်းသိမ်းနိုင်မှုကို (၁၀၀) ရာခိုင်နှုန်းနီးပါး ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
“ကင်းလှည့်လို့ သစ်ခုတ်တဲ့လှေတွေနဲ့တွေ့ရင် နောက်မခုတ်ဖို့ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတယ်။ ခံဝန်ထိုးခံရသူတွေကလည်း နောက်ထပ်မလာကြတော့ပါဘူး။ ဒီမှာနယ်ပေါင်းစုံက လူတွေက သစ်လာခုတ်နေကြတာ” ဟု ဆရာတော်က မိန့်သည်။
ဝန်ဖိုက်ဒီရေတောတွင် သစ်ခိုးထုတ်မှုရှိ/မရှိကို စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့ပူးပေါင်းကာ နိုဝင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ဆေးမှုများလုပ်ဆောင်သည်ကို မတွေ့ရတော့ကြောင်း ဒေသခံများက ဆိုသည်။
“ရခိုင်မှာ တိုက်ပွဲတွေဖြစ်ချိန်တုန်းက သစ်တောအဖွဲ့က ဒီရေတောမှာ လာစောင့်ပေးတာတွေရှိတယ်။ ဒါပေမဲ့ သုံးလေးယောက်နဲ့လာစောင့်တာပါ။ အခုလည်း နယ်မြေလုံခြုံရေးအကြောင်းပြပြီး ဒီလောက်လုပ်နိုင်ကြတာ မတွေ့ရသေးဘူး။ လက်ရှိမှာက ကျေးရွာတွေက ဒေသခံတွေစုပြီးကင်းလှည့်လို့ ဒီလောက်ခံသာသွားတာ။ ဒီတော့ ဒီအဖွဲ့အစည်းတွေကို ကူညီပေးကြဖို့လိုပါတယ်” ဟု ရမ်းဗြဲမြို့ဒေသခံ ကိုကျော်ကျော်နိုင်က ဆိုသည်။
ဝန်ဖိုက်ဒီရေတောမှာ ဧက ၁၅၀၀၀၀ ကျော်ခန့်ရှိပြီး ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းတည်ရှိသည်။ ၎င်းဒီရေတောမှာ အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံး ဒီရေတောဖြစ်သော်လည်း ထင်း၊မီးသွေးအတွက် သစ်ခုတ်ယူမှုများကြောင့် သစ်တော၏ ၇၅ ရာခိုင်နှုန်းခန့်မှာ ပျက်စီးစပြုနေပြီဖြစ်ကြောင်း လေ့လာသူများက ထောက်ပြပြောဆိုကြသည်။
# R005