- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဝန်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှု ၇၅ ရာခိုင်နှုန်းအထိ လျော့နည်းလာဟုဆို
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဝန်ဖိုက်ဒီရေတောအား ပြည်သူများဝိုင်းဝန်းထိန်းသိမ်းမှုကြောင့် သစ်ခုတ်မှုနှင့် သစ်ခိုးထုတ်မှုများ ၇၅ ရာခိုင်နှုန်းအထိလျော့နည်းလာကြောင်း ဒေသခံများနှင့်ဖွဲ့စည်းထားသည့် ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
10 Nov 2021
DMG ၊ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဝန်ဖိုက်ဒီရေတောအား ပြည်သူများဝိုင်းဝန်းထိန်းသိမ်းမှုကြောင့် သစ်ခုတ်မှုနှင့် သစ်ခိုးထုတ်မှုများ ၇၅ ရာခိုင်နှုန်းအထိလျော့နည်းလာကြောင်း ဒေသခံများနှင့်ဖွဲ့စည်းထားသည့် ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါဒီရေတောမှ သစ်ခုတ်ယူခြင်းကြောင့် ဒီရေပင်များပျက်စီးလာသဖြင့် ဒီရေတောအနီးရှိ ကျေးရွာ ၁၄ ရွာမှဒေသခံများစုပေါင်းကာ စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ သစ်ခိုးထုတ်သူများကိုဖမ်းဆီးပြီး အသိပညာပေးလျှက်ရှိသည်။
စက်တင်ဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ထင်းခုတ်စက်လှေအစီးရေ ၅၀ ကျော်ကိုဖမ်းဆီးရမိခဲ့ပြီး ယခုလအတွင်း သစ်ခိုးထုတ်မှုနည်းပါးလာနေကြောင်း ဝန်ဖိုက်ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ နာယကဆရာတော် အရှင်မဟိန္ဒကမိန့်သည်။
"သူတို့ကို နောက်တစ်ခါမလုပ်ဖို့ ခံဝန်ကတိတွေထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်။ အခုတော့ ၇၅ ရာခိုင်နှုန်းအထိ လျှော့နည်းလာနေပြီ"ဟု ဆရာတော်ကမိန့်သည်။
ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရေရှည်ထိန်းသိမ်းရန် သွားလာရေးကုန်ကျစရိတ်အတွက် အလှူရှင်များလိုအပ်နေကြောင်း ဆရာတော်ကမိန့်ကြားသည်။
ဝန်ဖိုက်ဒီရေတောတွင် သစ်ခိုးထုတ်မှုရှိ၊မရှိကို စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့ပူးပေါင်းကာ နိုဝင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီရေတောထိန်းသိမ်းရေးအတွက် ပြည်သူနှင့်ပူးပေါင်းရန်လိုကြောင်း ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အလုပ်အမှုဆောင် ကိုချစ်လွင်က အကြံပြုသည်။
"အစိုးရက လာပူးပေါင်းတာတော့မရှိသေးဘူး။ တစ်ကယ် ဒီရေတောကိုထိန်းသိမ်းမယ်ဆိုရင် ပြည်သူနဲ့ပူးပေါင်းဖို့လိုအပ်တယ်။ ဒါမှဒီရေတောအတွက်ထိန်းသိမ်းမှု ထိရောက်မှာဖြစ်တယ်။ ဝန်ထမ်းလေးငါးယောက်လောက်ချပေးထားတာနဲ့ကတော့ ထိရောက်မှာမဟုတ်ဘူး"ဟု ၎င်းကပြောသည်။
ဝန်ဖိုက်ဒီရေတောသည် ဧက ၁၅၀၀၀၀ ကျော်ခန့်ရှိပြီး ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းတည်ရှိကာ ဇီဝမျိုးစုံမျိုးကွဲများစွာ ရှင်သန်ကျက်စားရာနေရာတစ်ခုလည်းဖြစ်သည်။