- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျောင်းသား ၁၆ ရာခိုင်နှုန်းကျော်ကျန်ရှိနေသေး
ရခိုင်မြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂ ရက်နေ့ က စတင်ကာ ကိုဗစ်ကာကွ ယ်ဆေးထိုးပေးနေပြီး ယနေ့ ဇွန်လ ၂၉ ရက်နေ့ အထိ ပထမအကြိမ် ဆေးထိုးပြီးသူဦးရေ ၈၃.၀၅% ထိရှိနေပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတို့ထံမှ သိရသည်။
30 Jun 2022
DMG ၊ ဇွန် ၃၀
ရခိုင်မြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂ ရက်နေ့ က စတင်ကာ ကိုဗစ်ကာကွ ယ်ဆေးထိုးပေးနေပြီး ယနေ့ ဇွန်လ ၂၉ ရက်နေ့ အထိ ပထမအကြိမ် ဆေးထိုးပြီးသူဦးရေ ၈၃.၀၅% ထိရှိနေပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတို့ထံမှ သိရသည်။
လက်ရှိတွင် ဆေးထိုးနှံရန် ကျန်ရှိသူ ၁၆ ရာခိုင်နူန်းကျော်ရှိပြီး အဆိုပါ ကျန်ရှိသူများမှာ ဝေလံခေါင်းပါး သည့် နေရာများမှာ ကျောင်းသူ၊ ကျောင်းသားများဖြစ်ကာ သူတို့ကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေး ရန် စီစဉ်ထား ကြောင်း ပြည်နယ်ပညာ ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ငြိမ်း က DMG သို့ပြောသည်။
“ အခုလက်ရှိတော့ ၈၃ ရာခိုင်နူန်းကျော်ထိုးပြီးပါပြီ။ ကျန်တဲ့ ၁၆ ရာခိုင်နူန်းကျော် ထိုးဖို့ကျန်သေးတယ်။ ကျန်တဲ့သူတွေကတော့ ဝေလံ ခေါင်းပါးတဲ့ နေရာတွေကဆိုတော့ လောလောဆယ် မထိုးနိုင်သေးဘူး။ သူတို့ကိုလည်း ရအောင်ထိုးပေးဖို့အတွက် စီစဉ်နေပါတယ် ” ဟု ၎င်းကဆိုသည်။
လက်ရှိ ရခိုင်တွင် ကိုဗစ်ဆေးထိုးရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀၀၀၀ ကျော်ကျန်ရှိနေသေးပြီး ၎င်းတို့ကိုလည်း ဆက်လက်ထိုးနှံပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။
ရခိုင်ပြည် ၁၇ မြို့နယ်အတွင်း ကိုဗစ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃၀၆၂၉ ဦးရှိရာကနေ လက်ရှိတွင် ၂၇၉၂၃၂ ဦးကို ထိုးနှံထားပြီးစီးပြီဖြစ်သည့်အတွက် ၈၃.၀၅% အထိ ရှိလာနေခြင်းလည်း ဖြစ်သည်။
အခုလက်ရှိ ထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinopharm ဆေး အမျိုး အစားဖြစ်ကြောင်းလည်း သိရသည်။
စစ်တွေမြို့ခံ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုအောင်ကြည်မိုးက “ ကျနော့်မှာတော့ သားသမီးတွေကို ကျောင်းဖွင့်တဲ့ နေ့ကတည်းက ပထမ အကြိမ်ထိုးပြီးပါပြီ။ သူတို့က ကိုဗစ်ကာကွယ်ဆေးထိုးမှာကို လာမေးတယ်။ ကျွန်တော်ကတော့ ထိုးမယ့်လို့ပြောတော့ ခွင့်ပြုလိုက်တယ်။ တစုံတရာ စိုးရိမ်းစရာတော့ မရှိပါဘူး ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို အချိန် (၂၈) ရက်အကြာတွင် ဒုတိယအကြိမ် ဆေးထိုးပေးမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးအသိ ပညာမြှင့် တင်ရေးဌာန (ခွဲ) မှ ညွန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက DMG ကိုပြောဆိုထားသည်။
“ကာကွယ်ဆေးတစ်ကြိမ်ထိုးထားတဲ့ ကျောင်းသား၊ ကျောင်သူတွေကို ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမယ်။ ဘာဖြစ်လို့ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီး ၂၈ ရက်ထားရတာကိုး။ သူတို့ကိုလည်း အကြိမ်ပြည့်ထိုးပေးသွားမှာပါ ”ဟု ၎င်းကဆိုသည်။
လက်ရှိ ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသည့် တချို့ကျောင်းများမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဝေးလံခေါင်ပါးသည့်နေရာမှ ဖြစ်နေသည့်အတွက် ရာနှုန်းပြည့် မထိုးနှံနိုင်သေးခြင်း လည်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးတာဝန်ရှိသူများက ပြောသည်။