Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုတရားစွဲဆိုရန် စစ်တပ်က ဗိုလ်မှူးတစ်ဦးမှ တရားရုံးတွင်ဦးတိုက်လျှောက်ထားဟုဆို

DMG 22 Jan 2022

ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းမှ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးတို့ကို တရားစွဲဆိုရန် စစ်တပ်မှဗိုလ်မှူးတစ်ဦးက စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားကြောင်း ၎င်းသတင်းဌာန၏ လူမှုကွန်ယက်စာမျက်နှာမှ ယနေ့(ဇန်နဝါရီလ ၂၂ ရက်)တွင် ဖော်ပြသည်။

စစ်တပ်၏ ဖမ်းဆီးမှုကိုခံထားရသည့် ကိုတင်ထွန်းအောင်နှင့် အဆက်အသွယ်မရသဖြင့် မိသားစုမှစိုးရိမ်နေ

DMG 22 Jan 2022

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်နှင့် လုံးဝအဆက်အသွယ်မရရှိသေးသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ကျောက်ဖြူတွင် GTC ကျောင်းဖွင့်လှစ်မည်

DMG 22 Jan 2022

လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ Government Technical College(GTC)ကျောင်း ငါးကျောင်းကို တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တစ်ကျောင်းပါဝင်ကြောင်း သိရသည်။

ရွေးကောက်ပွဲဖြစ်မလာလျှင် ANP သည် ULA နှင့်ပူးပေါင်းလာနိုင်သလား

DMG 21 Jan 2022

ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် လာမည့်နှစ်များတွင် ရွေးကောက်ပွဲမရှိလျှင် တခြားအင်အားစုများ၊ တစ်သီးပုဂ္ဂလများနှင့်အတူ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ပူးပေါင်းလာနိုင်သည့် ဖြစ်နိုင်ခြေ အခြေအနေတစ်မျိုးရှိကြောင်း ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Asia Times မီဒီယာနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ မူလွန်ကျောင်းတစ်ကျောင်း အလွန်ပျက်စီးနေသောကြောင့် အသစ်ဆောက်ရန်လိုအပ်နေ

21 Jan 2022

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘဲငါးရာတောင်ခြေအောက်ရှိ “မြို့ရွာကျေးရွာ” ၌ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် အခြေခံပညာမူလတန်း(လွန်)ကျောင်းမှာ ပြိုပျက်နေသည့်အတွက် အမြန်ဆုံးပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

မီးရှို့ခံ ဘုရားပေါင်းရွာမှနေအိမ်များ ပြန်တည်ဆောက်ရာတွင် ငွေကြေးအခက်အခဲကြောင့် ရပ်တန့်ထားရဟု စစ်ကောင်စီပြော

DMG 21 Jan 2022

တိုက်ပွဲကာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှနေအိမ်များကို ပြန်လည်တည်ဆောက်ရာတွင် ဆောက်လုပ်နေသည့်ကုမ္ပဏီမှာ ငွေကြေးအခက်အခဲဖြစ်ပေါ်နေသဖြင့် ရပ်တန့်ထားရသည်ဟု သိရသည်။

မာန်အောင်မြို့နယ်တွင် ဝက်များရောဂါဖြစ်ပြီးသေဆုံးနေ

DMG 21 Jan 2022

ဝက်များရောဂါဖြစ်ပွား၍သေဆုံးနေခြင်းကြောင့် ဝက်သားစားသုံးသူနည်းလာကာ ဝက်သားဈေးများလည်း ကျဆင်းနေကြောင်း တစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးလုပ်ကိုင်နေသူ ဒေါ်ချိုချိုကပြောသည်။

အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်(သိပ္ပံအထူးပြုဘာသာရပ်) သင်တန်းများ ဖွင့်လှစ်တော့မည်

DMG 20 Jan 2022

၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်(သိပ္ပံအထူးပြုဘာသာရပ်)သင်တန်းများဖွင့်လှစ်မည်ဟု စစ်ကောင်စီလက်အောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနမှ ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကြေညာထားသည်။

ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများ ဆန်သယ်ယူခွင့် ကန့်သတ်ခံနေရ

20 Jan 2022

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ယခုနှစ်ဇန်နဝါရီလ ၃ ရက်နေ့မှစတင်ကာ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားကြောင်း ဒေသခံများထံမှသိရသည်။

မြန်မာ့ငြိမ်းချမ်းရေးကို NCA အတိုင်းသွား၍ အဆင်မပြေနိုင်တော့ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းသုံးသပ်

DMG 20 Jan 2022

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အတိုင်းသွားနေလျှင် အဆင်ပြေနိုင်တော့မည်မဟုတ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ရှုမြင်သုံးသပ်နေကြသည်။

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ဝန်ကြီးဟောင်းငါးဦးကို ထောင်ဒဏ်အသီးသီးချမှတ်

DMG 19 Jan 2022

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)ဖြင့် ယနေ့ ဇန်နဝါရီလ ၁၉ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်သည်။

မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရသည့်ကျောင်းသား ဆေးကုသရန် အကူအညီလိုအပ်နေ

19 Jan 2022

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာမှ မိုင်းနင်းမိ၍ခြေတစ်ဖက်ဆုံးရှုံးလိုက်ရသည့် ရှစ်တန်းကျောင်းသားတစ်ဦး ဆေးကုသရန် ငွေကြေးအခက်အခဲဖြစ်ပေါ်နေသဖြင့် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

ကျောက်တော်တွင် နှစ်ဖက်တပ်များ တပ်စွဲနေသေးသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်

DMG 18 Jan 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီထုကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တပ်စွဲထားသေးသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်မှုရှိနေကြသည်ဟု သိရသည်။

တယ်လီနော၏ မြန်မာငွေလွဲလုပ်ငန်းကို Yoma Group ထံရောင်းချခြင်းမှာ စစ်ကောင်စီအပေါ် နော်ဝေနိုင်ငံမှ စီးပွားရေးအရဖိအားပေးခြင်းဟု သုံးသပ်

DMG 18 Jan 2022

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ၏ ဒီဂျစ်တယ်ငွေကြေးလုပ်ငန်း Wave Money ကို စင်ကာပူအခြေစိုက် Yoma Group ထံ အပြီးသတ်ရောင်းချခြင်းမှာ နော်ဝေနိုင်ငံမှ စစ်ကောင်စီအပေါ် စီးပွားရေးအရဖိအားပေးခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသူများက ဆိုသည်။

ရခိုင်က စစ်ရှောင်စခန်းအချို့တွင် သောက်သုံးရေရှားပါးမှုနှင့်ကြုံနေရ

DMG 18 Jan 2022

စစ်ဘေးရှောင်များမှာ အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုဖြင့် စားဝတ်နေရေးကိုဖြေရှင်းနေရပြီး လက်ရှိမှာ သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေသဖြင့် ရေလုံလောက်စွာရရှိနိုင်ရန် လိုလားနေကြသည်။

လေကြောင်းပစ်ခတ်မှုကြောင့် ဖလူးလေးစစ်ဘေးရှောင်စခန်းနှင့် သောင်ရင်းမြစ်ကမ်းအနီးစစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်းသို့ ထပ်မံရွှေ့ပြောင်း

DMG 17 Jan 2022

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ဖလူးလေးကျေးရွာအတွင်းတည်ရှိသော DKBA ပူးပေါင်းအဖွဲ့မှ ဗိုလ်စလုံး၏ ပင်မအခြေကုပ်စခန်းဖြစ်ပြီး စစ်ဘေးရှောင်ဒေသခံ ၃၀၀ ကျော်ခိုလှုံနေရကာ ယမန်နေ့ စစ်ကောင်စီ၏ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ စခန်းစွန့်ခွာထွက်ပြေးခဲ့ရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် မွတ်ဆလင် ၉ ဦးဖမ်းဆီးခံရ

DMG 17 Jan 2022

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်ဖြစ်ပွားပြီးနောက် မွတ်ဆလင်များသည် အသွားအလာကန့်သတ်ခြင်းခံရပြီး ပြည်နယ်တွင်း လွတ်လွတ်လပ်လပ်သွားလာခွင့် မရရှိကြပေ။ ထို့ပြင် ရခိုင်ပြည်ပြင်ပသို့သွားရောက်လျှင် အာဏာပိုင်များ၏ ဖမ်းဆီးမှုခံရပြီး ရခိုင်သို့ပြန်ပို့ခံနေရသည်။

မြောက်ဦးတွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးဒဏ်ရာရ

DMG 17 Jan 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပေါင်းတုပ်ရွာသစ်(ပလုံတောကျေးရွာ)တွင် ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က စစ်ကျန်လက်နက်တစ်ခုပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ငွေကြေးတောင်းခံမှုများရှိကြောင်း ပြောဆိုချက်အပေါ် စစ်ဆေးပေးမည်ဟု ကျောက်တော်မြို့နယ်လဝကဦးစီးမှူးပြော

DMG 17 Jan 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူများထံမှ ငွေကြေးတောင်းယူမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရသေ့တောင် အုတ်ဖိုဆိပ်ကမ်းတွင် ဘင်္ဘောဆိုက်ကပ်ရန်တံတားမရှိသဖြင့် ခရီးသည်များအခက်အခဲဖြစ်နေ

DMG 15 Jan 2022

စစ်တွေ-ဘူးသီးတောင်ရေကြောင်းလမ်းရှိ ရသေ့တောင်မြို့နယ်၊ အုတ်ဖို(အိုးဖောက်)ကျေးရွာတွင် သင်္ဘောများဆိုက်ကပ်ရန် ဆိပ်ခံတံတားမရှိသဖြင့် သင်္ဘောများနှင့် အမြန်ရေယာဉ်တို့မှာ မယူမြစ်လယ်တွင်ရပ်နားကာ ခရီးသည်နှင့်ကုန်ပစ္စည်းများကို အချအတင်ပြုလုပ်နေရသည်။

Showing 3,901-3,920 of 8,345 items.