ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ARSA နှင့် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ ကလေးနှစ်ဦးဒဏ်ရာရ

Admin 23 Feb 2023

ပစ်ခတ်မှုကြောင့် မောင်အပ္ပဒုလ်အာဇိဇ် (အသက် ၈ နှစ်)မှာ ညာဖက်ခြေထောက်၊ မအုမ္မာလ်ဟာဖ့်ဆာ(အသက် ၁၁ နှစ်)မှာ ဘယ်ဘက်ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကော့ဘဇားခရိုင်ရှိ ဆောဒေါရ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုကို QR Code စနစ်ဖြင့် စတင်လုပ်ဆောင်နေ

Admin 23 Feb 2023

ကုန်သည်များအနေဖြင့် အွန်လိုင်းစနစ်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသည့်အတွက် အခက်အခဲများရှိနေပြီး QR Code စနစ်ဖြင့် ကုန်သွယ်ရာတွင်လည်း အချိန်ကြန့်ကြာမှုများရှိနေသည်။

ပွိုင့်ကမ်းခြေမှ အန္တရာယ်ရှိသည့်နေရာများတွင် အသိပေးဆိုင်းဘုတ် စိုက်ထူခြင်းအပြင် ထိရောက်သည့် စောင့်ကြည့်မှုများ လုပ်ဆောင်ရန်လို

Admin 22 Feb 2023

စစ်တွေပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်အနီး ကမ်းခြေတစ်လျှောက်တွင် အများပြည်သူများ လာရောက်အပန်းဖြေကြသဖြင့် နေ့စဉ်စည်းကားလေ့ရှိသည်။

မိဖုရားစောမဲကျီ အရိုးဂူနှင့် လွမ်းစေတီတွင် ကွန်ကရစ်အခင်းပြုလုပ်သည့်အပေါ် ဝေဖန်မှုများရှိနေ

Admin 22 Feb 2023

မိဖုရားစောမဲကျီမှာ ရမ်းဗြဲမြို့မှ ၁၀ မိုင်ခန့်အကွာ ကန်ဒိုင်းတိုက်နယ်၊ ရွာရွင်းရွာတွင် မွေးဖွားခဲ့ပြီး  ယခုအရိုးဂူရှိသည့် ချောင်းအနီးတွင် ယက်သဲဖြင့်ငါးဖမ်းရာမှ ပတ္တမြားရခဲ့ခြင်းကြောင့် မြောက်ဦးဘုရင် မင်းဗာကြီးက မိဖုရားမြှောက်စားခဲ့ကာ ပတ္တမြားဒေဝီစောမဲကျီဟု ရခိုင်သမိုင်းတွင် ထင်ရှားသော မိဖုရားတစ်ပါးဖြစ်သည်။

တိရစ္ဆာန်များ နာမကျန်းဖြစ်လျှင် မွေးမြူရေးနှင့်ကုသရေးဌာနသို့ အကြောင်းကြားပြီး ဆေးကုသနိုင် 

Admin 22 Feb 2023

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက မြေပုံမြို့နယ်မှ ချောင်းကြီး၊ ယိုးစနွင်း၊ ရက်ချောင်း စသည့် ကျေးရွာ ၁၀ ခန့်တွင် အမည်မသိရောဂါဖြင့် နွားသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ 

တောင်ကုတ်မြို့နယ်တွင် ဒုစရိုက်မှုများလာ၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကင်းစောင့်နေရ

Admin 22 Feb 2023

တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှစ၍ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပွားလာနေပြီး အသက်ဆုံးရှုံးခဲ့ရသည်အထိ ရှိလာနေခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြရသည်။ 

AA သံသယနှင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅ ဦး ချုပ်ရက်စေ့၍ လွတ်မြောက်လာ

Admin 21 Feb 2023

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး (၃၃) ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်(၅)ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့သည်။

ပါတီမှတ်ပုံတင်၊ မတင်ကိစ္စကို ရခိုင်အမျိုးသားပါတီက မြို့နယ်ကော်မတီဝင်များထံမှ သဘောထားကောက်ခံနေ

Admin 21 Feb 2023

မြို့နယ်ကော်မတီဝင်များ သဘောထားကို ရရှိနိုင်ရန် ရခိုင်အမျိုးသားပါတီ(ဗဟို)မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စာဖြင့်ညွှန်ကြားထားပြီး လက်ရှိတွင် မြို့နယ်ကော်မတီဝင်များမှ တွေ့ဆုံဆွေးနွေးလျက်ရှိကြသည်။

မာန်အောင်ကမ်းခြေက သန္တာကျောက်များ ပျက်စီးမှုများလာသည့်အတွက် စနစ်တကျထိန်းသိမ်းရန် လိုအပ်နေ 

Admin 21 Feb 2023

သန္တာကျောက်တန်းသို့ လာရောက်လည်ပတ်သူများမှာ စနေ၊ တနင်္ဂနွေနေ့ရက်များတွင် ရာနှင့်ချီရှိနေပြီး လာရောက်လည်ပတ်သူများက သန္တာကျောက်များကို တက်နင်းသွားကြသည့်အတွက် ကျိုးပဲ့ပျက်စီးမှုများ ရှိနေခြင်းဖြစ်သည်။ 

ဒုက္ခသည်စခန်းအတွင်း အဓမ္မပြုကျင့်ခံရကြောင်း ဖွင့်ဟလာသည့် မွတ်ဆလင်အမျိုးသမီးများကို ရဲက ခေါ်စစ်

Admin 21 Feb 2023

အမျိုးသမီး ၄၀ ကျော်ကို ဒုက္ခသည်စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ ဆိုသူက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ကျူးလွန်သူကို ထိရောက်စွာအရေးယူပေးရန် အမျိုးသမီး ၁၀ ဦးတို့က တောင်းဆိုထားကြသည်။

ရခိုင်ပြည်တွင်နေထိုင်သည့် လူမျိုးစု ၁၀ ခု၏ မိခင်ဘာသာစကား ဖလှယ်ပွဲကို စစ်တွေမြို့တွင်ပြုလုပ်

Admin 21 Feb 2023

ရခိုင်ပြည်အတွင်းနေထိုင်သည့် လူမျိုးစု ၁၀ ခု၏ ဘာသာစကားကို ဖော်ထုတ်သည့်အနေဖြင့် စစ်တွေတက္ကသိုလ်မှ ကျောင်းသားများဦးဆောင်ကာ ယင်းသို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်ရှိကြောင်း AAPP ထုတ်ပြန်

Admin 20 Feb 2023

လက်ရှိ ဖော်ပြထားသည့် ဖမ်းဆီး၊ သေဆုံးသူ ကိန်းဂဏန်းအရေးအတွက်မှာ AAPP က ကောက်ယူထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုများနိုင်ကြောင်း AAPP က ဆိုသည်။

စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီး ၄၀ ကျော်ကို သားမယားပြုကျင့်ခဲ့သူအား ထိရောက်စွာအရေးယူပေးရန် နစ်နာသူများတောင်းဆို

Admin 20 Feb 2023

သားမယားပြုကျင့်ခံရသူများထဲတွင် အိမ်ထောင်ရှိ အမျိုးသမီး၊ တစ်ခုလပ် အမျိုးသမီး၊ စိတ်မနှံ့သည့် အမျိုးသမီး နှင့် အသက်(၁၈)နှစ် မပြည့်သေးသော အမျိုးသမီးငယ်များပါဝင်ပြီး ၎င်းတို့ကို စခန်းတာဝန်ခံက တုတ်၊ ဓားများဖြင့် ခြိမ်းခြောက်ကာ သားမယားပြုကျင့်ခြင်းဖြစ်သည်ဟု နစ်နာသူ အမျိုးသမီးများက ပြောဆိုကြသည်။ 

ရခိုင်ပြည်မှတောင်သူများ စိုက်ပျိုးရေးစရိတ်ချေးငွေ ၇၈ ဘီလီယံကျော် ပြန်ဆပ်ရန်ကျန်ရှိနေသေး

Admin 20 Feb 2023

လယ်သမားများကို မြန်မာလယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မှ စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးထားခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊  ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်တို့မှ ချေးငွေဆပ်ရန် အများဆုံး ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုဗစ်ကြောင့် ၃ နှစ်ကျော်ကြာပိတ်ထားခဲ့သည့် တာချီလိတ်-မယ်ဆိုင်တံတား ပြန်ဖွင့်

Admin 20 Feb 2023

တံတားဖွင့်လှစ်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ နှစ်နိုင်ငံတာဝန်ရှိသူကြား ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ ပြန်လာရန် အဆင်သင့်မဖြစ်သေးကြောင်းပြော

Admin 19 Feb 2023

မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် အသက်အာမခံချက်မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ကိုကာမာလ်က ပြောသည်။

လူဦးရေ ၈၀၀ နီးပါးရှိသည့် ဂဏန်းတောင် စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေ

Admin 18 Feb 2023

ဂဏန်းတောင်စစ်ဘေးရှောင်စခန်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီး စစ်တွေ-ရန်ကုန် ကားလမ်းမဘေးတွင် တည်ရှိပြီး စခန်းတည်ထားသည်မှား ၂ လကျော်သာ ရှိသေးသည်။ 

ရခိုင်တွင် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် ဖြည့်တင်းနိုင်ရန် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ထပ်မံဖွင့်လှစ်မည်

Admin 18 Feb 2023

ရခိုင်ပြည်တွင် စစ်တွေမြို့တစ်ခုတည်း၌သာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ထားသည်။ 

ရက်ပေါင်း ၂၀ အတွင်း ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာရန်ကြိုးပမ်းသည့် မွတ်ဆလင် ရာနှင့်ချီဖမ်းဆီးခံရ

Admin 18 Feb 2023

မွတ်ဆလင်များကို သံတွဲ၊ ဂွ၊ အမ်း မြို့နယ်များတွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ပွဲစားအဖြစ် လိုက်ပါပို့ဆောင်ခဲ့သူ ၈ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရခိုင်နေ့စဉ်ဖော်ပြချက်အရ သိရသည်။ 

လျှပ်စစ်ကား စီမံကိန်းအတွက် တရုတ်ထုတ် လျှပ်စစ်ကားအားသွင်းရုံများကို စစ်ကောင်စီက တည်ဆောက်နေ

Admin 18 Feb 2023

လောင်စာဆီသုံး မော်တော်ယာဉ်အစား လျှပ်စစ်သုံး မော်တော်ယာဉ်(EV)များကို  အစားထိုးနိုင်ရန် စစ်ကောင်စီဥက္ကဌ၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်နှင့် နေပြည်တော် အမြန်လမ်းတို့တွင် လျှပ်စစ်ကားအားသွင်းရုံ ဆောက်လုပ်ရေးစီမံကိန်းကို ဆောင်ရွက်နေသည်။

Showing 1,921-1,940 of 8,327 items.