ဝေါလေ - ထီးကပလယ် ကားလမ်းကို KNDO က သွားလာခွင့်ပိတ်

Admin 09 Feb 2023

“အရပ်သား/အဖွဲ့အစည်း မည်သည့် ကား/ဆိုင်ကယ်များမဆို လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခွင့်မပြုပါ” ဟု KNDO အမှတ် ၈ တပ်ရင်း ဌာနချုပ် အမှတ် ၆ တပ်မဟာ ကော်သူးလေ က ဖေဖော်ဝါရီ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

သိက္ခာရှိသောရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေဟု စစ်ခေါင်းဆောင်ပြော

Admin 09 Feb 2023

ဖေဖော်ဝါရီလ ၈ ရက်နေ့က ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖတို့နှင့်တွေ့ဆုံစဉ် စစ်ကောင်စီဥက္ကဌက ယင်းသို့ ပြောကြားခဲ့သည်။

စစ်တွေသုဿန်တွင် မီးသင်္ဂြိုလ်စက် ၂ လုံး တိုးချဲ့ဆောက်လုပ်နေ

Admin 08 Feb 2023

မီးသင်္ဂြိုလ်စက်အပါအဝင် ဆက်စပ်သည့် အဆောက်အအုံအချို့ ဆောက်လုပ်ရန်အတွက် ငွေကျပ်စုစုပေါင်း သိန်း ၆၈၀ ကျော် ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် အလှူငွေစုစုပေါင်း ၅၆၅ သိန်း လက်ခံရရှိထားပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်း(စစ်တွေ)မှ သိရသည်။ 

ULA က ချမှတ်လိုက်သည့် သေဒဏ်အမိန့်ကိုမကျေနပ်၍ အဆုံးထိ အယူခံတက်မည်ဟု ကိုမျိုးမြင့်ဇော်၏ ဇနီးဖြစ်သူပြော

Admin 08 Feb 2023

စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေ အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်တွေမြို့၊ မေယုလမ်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်၌ အလုပ်လုပ်ကိုင်နေစဉ်အတွင်း ဓားဖြင့်ထိုးသတ်ခံခဲ့ရသည်။ 

စပါးအထွက်နှုန်းကျဆင်းခဲ့သည့် ရခိုင်တွင် ဆန်ဈေးနှုန်းမြင့်တက်နေ

Admin 08 Feb 2023

ရခိုင်ပြည်တွင် ယခုနှစ်စပါးစိုက်ပျိုးရာသီအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအားစုစရိတ်ကြီးမားခြင်း၊ ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် စပါးပေါ်ချိန်တွင် အထွက်နှုန်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

မောင်တောဒေသမှ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးကိစ္စ စစ်ကောင်စီ ကြိုးပမ်းနေ

Admin 08 Feb 2023

မွတ်ဆလင်များ ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်က မောင်တောမြို့ မြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများသို့ စစ်ကောင်စီတာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း မောင်တောဒေသခံများက DMG သို့ပြောသည်။

ကျူခက်များကို နိုင်ငံခြားမှ ဝယ်ယူသောကြောင့် ရခိုင်က ကျူခုတ်သူများ အဆင်ပြေနေ

Admin 06 Feb 2023

ကျူပင်အခက်များကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အပြင် ကိုးရီးယား၊ ဂျပန်၊ ထိုင်း၊ ပါကစ္စတန် စသည့်နိုင်ငံများမှ ဝယ်ယူနေကြသည်။

ရခိုင်တိုက်ပွဲ ဆက်လက်ရပ်စဲထားရန် မစ္စတာ ဆာဆာကာဝါ ပြောဆိုခဲ့

Admin 06 Feb 2023

မစ္စတာ ဆာဆာကာဝါသည် မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်း၊ မြို့သစ်၊ မြို့ဦးခေါင်း၊ တိမ်ညို စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်စုစုပေါင်း ၂ သောင်းကျော်အတွက် အနွေးထည်များ လှူဒါန်းခဲ့သည်။

မြောက်ဦးနန်းတော်ရာ ပထမထပ်တွင် လမ်းခင်းနေသည်ကို ဒေသခံများ ဝေဖန်နေကြ

Admin 06 Feb 2023

လက်ရှိမှာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို UNESCO ပညာရှင်များ လာရောက်စစ်ဆေးချိန် အဆင်သင့်ဖြစ်စေရန်အတွက် ရှေးဟောင်း ရုပ်ဝတ္ထုပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို မှတ်တမ်းတင် စိစစ်ရေးများ ပြုလုပ်လျက်ရှိနေသည်။

မစ္စတာ ဆာဆာကာဝါ ရခိုင်သို့ ရောက်ရှိနေ

Admin 04 Feb 2023

ယနေ့နံနက် ၉ နာရီခန့်က မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်များအတွက် အဝတ်အထည်များပေးခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းတွင်  ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

Admin 04 Feb 2023

ဖြစ်စဉ်မှာ မနေ့ည ၉ နာရီခန့်အချိန်က ကိုအမောင်ချေဆိုသူမှာ အရက်မူးမူးဖြင့် လက်ပစ်ဗုံးတစ်လုံးယူလာကာ ဦးအေးထွန်းလှ၏ ဈေးဆိုင်အတွင်း၌ စနက်တံကိုဖွင့်လိုက်၍ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ကုန်းတန်းကြိမ်ချောင်းကျေးရွာမှ ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

အထူးကုဆရာဝန်အဖွဲ့၏ အခမဲ့ ဆေးကုသပေးမှုကို ပေါက်တောဒေသခံ ၂,၀၀၀ ခန့် လာရောက်ဆေးကုသ

Admin 04 Feb 2023

ဆေးလာရောက်ကုသသူများထဲတွင် မျက်စိနှင့် အထွေထွေရောဂါကို လာရောက်ကုသသူ များပြားကြောင်း ပေါက်တောမြို့၊ နာရေးကူညီမှုအသင်းမှ သိရသည်။ 

ပြည်ပထွက်ခွာရန်ကြိုးစားသည့် ရခိုင်က မွတ်ဆလင် ၄၀၀ ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ပို့

Admin 04 Feb 2023

မောင်တောမြို့နယ်မှ ၂၆၀ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၁၆၃ ဦးတို့ကို စစ်ကောင်စီ၏ အစီအစဉ်ဖြင့် စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့သို့ အောင်တံခွန်သင်္ဘောဖြင့် ပို့ဆောင်ကာ ယင်းမှတစ်ဆင့် ၎င်းတို့နေထိုင်ရာ နေရာအသီးသီးကို ပို့ဆောင်ပေးခဲ့သည်။

NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဟုဆိုကာ မောင်တောဒေသခံတစ်ဦးကို အမှုဖွင့်ထားကြောင်း စစ်ကောင်စီပြော

Admin 04 Feb 2023

“မောင်တောမြို့နယ် (၄)မိုင်ကျေးရွာနေ ဖြိုးမောင်သည် ၎င်းအသုံးပြုသည့် “မောင်တောသားချေ တောသားချေ” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ဖြူးခြင်းများ ဆောင်ရွက်ခဲ့သည်” ဟု စစ်ကောင်စီကဆိုသည်။

စစ်တွေတွင် အမှိုက်စွန့်ပစ်မှုကို စစ်တမ်းကောက်ယူနေ

Admin 03 Feb 2023

နေအိမ်မှထွက်ရှိလာသည့် အမှိုက်များကို အစို/အခြောက် ခွဲခြားပြီး စနစ်တကျစွန့်ပစ်တတ်ရန်၊ ဆွေးမြေ့လွယ်သည့်အမှိုက်၊ ပလပ်စတစ်အမှိုက် စသည်ဖြင့်ခွဲခြားကာ ပြန်လည်အသုံးချခြင်းများ ပြုလုပ်တတ်ရန်အတွက် အသိပညာပေးခြင်းကိုလည်း တစ်ပြိုင်တည်းပြုလုပ်နေကြောင်း Green Network - Sittwe မှ သိရသည်။

မနွယ်သန္တာဝင်းကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့် တရားခံကို ULA က သေဒဏ်ချမှတ်

Admin 03 Feb 2023

အသတ်ခံရ၍သေဆုံးသွားသည့် မနွယ်သန္တာဝင်းကို အဓမ္မပြုကျင့်ကာ လူသတ်မှုကျူးလွန်ခဲ့သည် ဟု စစ်ဆေးပေါ်ပေါက်သဖြင့် “မသေမချင်းကြိုးကွင်းစွပ်သတ်ရန်” ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ထောက်ပံ့မည့်သူမရှိ၍ မြောက်ဦးက စစ်ဘေးရှောင်ကလေး ၄၀ ကျော် ပညာဆက်မသင်နိုင်ဖြစ်နေ

Admin 03 Feb 2023

မြောက်ဦးမြို့၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၁ စု၊ လူဦးရေ ၇၉၆ ဦးရှိပြီး ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝ မြို့နယ်တို့မှ ဒေသခံများဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အစောပိုင်းကစ၍ စစ်ဘေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။ 

မောင်တောတွင် မိုင်းနင်းမိ၍ ကျောင်းသားတစ်ဦးသေဆုံး၊ ရခိုင်တွင် မိုင်းကြောင့် သေဆုံးမှုတိုးလာ

Admin 03 Feb 2023

သေဆုံးသူမှာ ၅ တန်းကျောင်းသား မောင်ကျော်စိုးဖြစ်ပြီး ခမောင်းဆိပ်ကျေးရွာ ရဲစခန်း နှင့် ၁၅ ပေခန့်အကွာရှိ ဘန်ကာတစ်ခုနံဘေးတွင် ငှက်ကိုင်း ထောင်နေစဉ် မိုင်းနင်းမိခြင်းဖြစ်သည်။

ကျောက်တော်၊ သရက်အုပ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ၁,၉၀၀ကျော် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရ

Admin 02 Feb 2023

စစ်ဘေးရှောင်စခန်းအတွင်း အသုံးပြုနေကြသော ရေကန်များတွင် ရေများခမ်းခြောက်လာ၍ ချောင်းရေကိုသာ သုံးစွဲနေကြရပြီး နွေရာသီရောက်လျှင် သောက်သုံးရေ ပိုမိုအခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

စစ်ကောင်စီ သက်တမ်းတိုးခြင်းကြောင့် တိုင်းပြည်နစ်နာဟုဆို

Admin 02 Feb 2023

စစ်ကောင်စီက နောက်ထပ် သက်တမ်းခြောက်လ တိုးလိုက်ခြင်းမှာ တိုင်းပြည်အတွက် နစ်နာသဖြင့် မဖြစ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

Showing 1,981-2,000 of 8,327 items.