- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံရသော ပရာယု ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်ရှိမည်ဟုပြော
ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရသော ပရာယုချန်အိုချာသည် ကာကွယ်ရေးဝန်ကြီးရာထူးကို ဆက်လက်ထမ်းဆောင်သွားမည်ဟု သြဂုတ်လ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။
27 Aug 2022
DMG၊ သြဂုတ် ၂၇
ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရသော ပရာယုချန်အိုချာသည် ကာကွယ်ရေးဝန်ကြီးရာထူးကို ဆက်လက်ထမ်းဆောင်သွားမည်ဟု သြဂုတ်လ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။
“ထိုင်းပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် ကာကွယ်ရေးဝန်ကြီးတစ်ဦးအဖြစ် ကျွန်တော့်ရဲ့ တာဝန်ဝတ္တရားတွေကို ဆက်လက်ထမ်းဆောင်သွားပါမည်” ဟု ပရာယုက သူ၏ တရားဝင်တွစ်တာအကောင့်တွင် ရေးသားထားသည်။
ပရာယုသည် ရာထူးသက်တမ်းကို သတ်မှတ်ထားသည့် အချိန်ကာလထက် ကျော်လွန်ထမ်းဆောင်နေကြောင်း အတိုက်အခံပါတီက လျှောက်ထားတင်ပြခဲ့ပြီးနောက်တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက သူ့ကို ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခဲ့သည်။
ပရာယုသည် ၁၅ ရက်အတွင်း ဖြေရှင်းချက် ပေးရမည်ဖြစ်သည်။ သူ့ကို ရာထူးမှဆိုင်းငံ့ထားချိန်၌ လက်ထောက်ဝန်ကြီးချုပ် ပရာဝစ်ဝမ်ဆူဝန်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးကို တာဝန်ယူမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်တစ်ဦးသည် ၈ နှစ်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်။
ယခင် စစ်တပ်အကြီးအကဲ ဖြစ်သူ ပရာယုချန်အိုချာသည် ၂၀၁၄ ခုနှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ယင်လပ်ရှင်နာဝပ်ထရာကို ဖြုတ်ချကာ အာဏာသိမ်းပြီး ၂၀၁၉ ခုနှစ်တွင် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်များမှတစ်ဆင့် ဝန်ကြီးချုပ်ဖြစ်လာသူ ဖြစ်သည်။