- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောဒေသတွင် AA က လုံခြုံရေးတိုးမြှင့်ထား
မောင်တောဒေသခံ ပြည်သူများ ခရီးသွားလာမှု လုံခြုံရေးအတွက် အာရက္ခတပ်တော်(AA)က ကင်းစခန်းများ ဆောက်လုပ်ခြင်း၊ လမ်းခရီးတလျှောက် ဂိတ်များချထားခြင်း၊ ဒေသခံများကို သွားလာရေးသတိထားရန် စသည့် လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ထားကြောင်း သိရသည်။
02 Jan 2025
DMG ၊ ဇန်နဝါရီ ၂
မောင်တောဒေသခံ ပြည်သူများ ခရီးသွားလာမှု လုံခြုံရေးအတွက် အာရက္ခတပ်တော်(AA)က ကင်းစခန်းများ ဆောက်လုပ်ခြင်း၊ လမ်းခရီးတလျှောက် ဂိတ်များချထားခြင်း၊ ဒေသခံများကို သွားလာရေးသတိထားရန် စသည့် လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ထားကြောင်း သိရသည်။
မောင်တောဒေသတွင် စိမ့်ဝင်လှုပ်ရှားနေသည့် စစ်ကောင်စီ၏ မဟာမိတ်မွတ်ဆလင် လက်နက်ကိုင်အုပ်စု များဖြစ်သော ARSA၊ RSO နှင့်ARA အဖွဲ့များ၏ အန္တရာယ်ကိုကာကွယ်ရန်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“လုံခြုံရေးအတွက် တပ်တော် (AA) က နယ်စပ်ကို သွားတဲ့ကားလမ်းတလျှောက် ဂိတ်တွေ စစ်ဆေးတာ တွေပိုပြီး လုပ်ဆောင်တာတွေ့ရတယ်။ ဟိုတလောကလည်း တောင်ပြိုလမ်းမှာ ARSA တွေ ခိုအောင်းနိုင်တဲ့ ခြုံတွေ၊ တော တွေကို ရှင်းလင်းထားတာ ရှိတယ်” ဟု မောင်တောဒေသခံအမျိုးသမီးတစ်ဦး ကပြောသည်။
မောင်တောဒေသတွင် ARSA၊ ARA၊ RSO အဖွဲ့များသည် တောင်ပြိုလက်ဝဲ - ကြိမ်ချောင်းလမ်းပိုင်း တစ်လျှောက်တွင် ခရီးသွားဒေသခံများနှင့် ကုန်သည်များကို ခြုံခိုတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လေ့ ရှိသည်။
အာရက္ခတပ်တော်သည် ARSA ၊ARA၊ RSO အဖွဲ့များကို ရှင်းလင်းရေးလုပ်နေပြီး ပြည်သူများကို သတိနှင့် သွားလာရန်အတွက် ကျေးရွာတစ်ချို့တွင် ကင်းစခန်းများပါလုပ်ထားပြီး လုံခြုံရေးပေးနေကြောင်း သိရသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် လုံခြုံရေး သတိပေးတာတွေရယ် ကင်းစခန်းတွေဆောက်ပြီး အလှည့်ကျကင်းစောင့် ရတာတွေရှိတယ်” ဟု မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့က ကြိမ်ချောင်းမှ တောင်ပြိုလက်ဝဲမြို့သို့ ဈေးသွားဝယ်သော အရပ်သားခရီးသည် ကားတစ်စီးအား ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ပြီး ၁၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ယင်းကြောင့် ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အဖွဲ့များအား အာရက္ခလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ လိုက်လံရှာဖွေလျက်ရှိကြောင်း ဒီဇင်ဘာ ၂၆ရက်တွင် ULA/AAက ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်မှ အပြီးသတ်ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း ပြည်သူများမှာ မွတ်ဆလင်လက်နက်ကိုင် အုပ်စုများ၏ အန္တရာယ်ကို စိုးရိမ်နေကြရသည်။