- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
လေကြောင်းအန္တရာယ်စိုးရိမ်၍ မောင်တောမြို့ခံများ နေရပ်ပြန်ရေး တွန့်ဆုတ်နေကြ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး မောင်တောမြို့ခံများအား မြို့တွင်းပြန်လည်နေထိုင်ခွင့် ပြုထား ခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီသည် ရခိုင်ကမြို့ရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်းမှုရှိနေကြသည်ဟု ဒေသခံများက ပြောကြသည်။
07 Jan 2025

DMG ၊ ဇန်နဝါရီ ၇
ရခိုင်ပြည်၊ နယ်စပ်မြို့ မောင်တောမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မြို့ခံများအား မြို့တွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်ရန် အာရက္ခတပ်တော်( AA)က ခွင့်ပြုထားသော်လည်း စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်ကို စိုးရိမ်သဖြင့် တွန့်ဆုတ်နေကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး မောင်တောမြို့ခံများအား မြို့တွင်းပြန်လည်နေထိုင်ခွင့် ပြုထား ခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီသည် ရခိုင်ကမြို့ရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်းမှုရှိနေကြသည်ဟု ဒေသခံများက ပြောကြသည်။
“နေရပ်ကတော့ ပြန်ခွင့်ပြုထားပြီး။ ULA ဖက်က အိမ်ထောင်စုနဲ့ လူဦးရေကို သေချာစိစစ်ပြီး ခွင့်ပြုတာ။ တစ် ချို့လည်း နေရပ်ပြန်ကြတာတွေ ရှိတယ်။ တချို့ကလည်း မပြန်ကြသေးဘဲ အခြေအနေကို စောင့်ကြည့် နေတာ ရှိတယ်။ အဓိကတော့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက် နေတာကြောင့် စောင့်ကြည့်နေတဲ့ သဘောပေါ့။ လုံခြုံစိတ်ချရရင်တော့ အိမ်ပြန်မှာ” ဟု မောင်တောမြို့က စစ်ဘေးရှောင်နေသည့် အမျိုးသား တစ်ဦးက ပြောသည်။
လက်ရှိတွင် မြို့ခံအချို့ ဝင်ရောက်နေထိုင်မှုရှိနေကြပြီး ပိုင်ရှင်များမရောက်ရှိကြသည့် နေအိမ်များကို ULA က လုံခြုံစွာပိတ်ထားသည်ဟု မောင်တော ဒေသခံများထံမှ သိရသည်။
မောင်တောတွင် စစ်ကောင်စီ(ပူးပေါင်းမွတ်ဆလင်)များနှင့် အာရက္ခတပ်တော်တို့အကြား မြို့တွင်းတိုက်ပွဲ ပြင်း ထန်လာသည့်အတွက် ၂၀၂၄ ဩဂုတ်လတွင် သောင်းနှင့်ချီသောမြို့ခံများကို အာရက္ခတပ်တော် (AA) က ကယ်ထုတ်ခဲ့ပြီး လုံခြုံသည့် နေရာများတွင် စစ်ရှောင်စခန်းများဖွင့်လှစ်ပြီး နေရာချပေးခဲ့သည်။
မောင်တောမြို့ထဲတွင် တိုက်ပွဲပြင်းထန်ခဲ့သဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်များကိုလည်း စိုးရိမ်မှုရှိနေကြသည်ဟု မောင်တော ၃ မိုင်ရပ်ကွက်မှ စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
“နေရပ်ပြန်ဖို့ကျတော့ လေကြောင်းအန္တရာယ်ကတော့ စိုးရိမ်မှုရှိတာပေါ့။ နောက်ကျနော်တို့ရဲ့ ရပ်ကွက်က နခခ (၅) နဲ့အနီးဆုံးမှာ ဆိုတော့ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေအများကြီး ရှိနိုင်တယ်။ ဒါကြောင့် နေရပ်ပြန်ရင်လည်း မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ကြရတယ်။ ဒီရက်ပိုင်း နေရပ်ပြန်ရပေမယ့် အခြေအနေ ကတော့ စောင့် ကြည့်ရမယ့် သဘောရှိတယ်” ဟု ၃ မိုင်ရပ်ကွက်က စစ်ဘေးရှောင်အမျိုးသားက ပြောသည်။
လက်ရှိ မောင်တောမြို့အတွင်းမှာ အာရက္ခတပ်တော်(AA)က မြို့တွင်း မိုင်းရှင်းလင်းမှုနှင့် သောက်သုံးရေ ကိစ္စများကို ကနဦး စီစဉ်ဆောင်ရွက်မှုများရှိနေသည်ဟု ULA နှင့် နီးစပ်သူများထံကသိရသည်။
မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က ဒီဇင်ဘာလ ၈ ရက်မှစ၍ အပြီးသတ်သိမ်းပိုက်ထား သည်။