- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြန်လာသူ သုံးဦးတွင် ကိုဗစ်ပိုးတွေ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅၅ ဦးကို ယနေ့ (ဇူလိုင်လ ၄ ရက်)၊နံနက်က ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာ သုံးဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
04 Jul 2022
DMG၊ ဇူလိုင် ၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅၅ ဦးကို ယနေ့ (ဇူလိုင်လ ၄ ရက်)၊နံနက်က ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာ သုံးဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
စစ်တွေမြို့၊ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာသည့် အဆိုပါစက်လှေသမားများကို Quarantine ထားရှိပြီးစစ်ဆေးရာမှ တွေ့ရှိခြင်းဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ဘင်္ဂလားဒေ့ရှ့်ကို နယ်စပ် ကုန်သွယ်ရေးသွားပြီး ပြန်လာတဲ့ လူတွေကို Quarantine ထားတယ်။ ထားပြီးတော့ စစ်တယ်။ အဲလို စစ်ရာမှ တစ်ဆင့် တွေ့တာပေါ့နော် ”ဟု ၎င်းက ဆိုသည်။
ရောဂါပိုးကူးစက်ခံရသူများမှာ အမည်များကို ကိုယ်ရေးကိုယ်တာကိစ္စရပ်များကြောင့် မပြောလိုကြောင်း၊လက်ရှိ တွင် ၎င်းတို့မှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။
နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေသည့် စက်လှေသမားသုံးဦးတွင် ထိုသို့ ကိုဗစ်ရောဂါပိုးတွေ့ရှိသော်လည်း ကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်းနှင့် စက်လှေပေါ်တွင် ကျန်နေခဲ့သည့် လူ (၅၀) ကျော် ကိုမှာလည်း စက်လှေပေါ်တွင် Quarantine ဝင်နေကြကြောင်း ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက ပြောသည်။
“လက်ရှိနယ်စပ်ကုန်သွယ်ရေးလုပ်ကြတဲ့အခါမှာ ပိုးကို လုံးဝ မကူးစက်အောင်လို့ တားဆီးဖို့အတွက်ကျတော့ ခက်ပါတယ်။ ဒါပေမဲ့ ဒီစက်လှေသမားတွေကတစ်ဆင့် ထပ်မကူးရအောင် တားဆီးထားရတဲ့ အနေအထားပါ။ အခုလည်း တားဆီးထားတဲ့ အနေအထားကြားထဲကမှ ကျွန်တော်တို့ တွေ့လာရတဲ့အတွက် ဘာပဲဖြစ်ဖြစ် Quarantine ကပဲတွေ့ရတဲ့ အတွက် ဒီဟာက လောလောဆယ်မှာ သိပ်စိုးရိမ်ရတဲ့ အခြေအနေမျိုး မဟုတ်လို့ပဲ သုံးသပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်အပါအဝင် တစ်နိုင်ငံလုံးတွင် Covid 19 ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာရာမှ စစ်တွေမြို့တွင် ယခုကဲ့ သို့ တွေ့ရှိခြင်းဖြစ်သည်။ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကလည်း “ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်ဆိုတဲ့စကားပုံအတိုင်း ကိုဗစ်အန္တရာယ်လည်း မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ယနေ့၊နေ့လယ်ပိုင်းက ရေးထားသည်။