- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ရှိ ဒုက္ခသည်စခန်းများမှ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူ ၅၀၀၀၀ ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်
ရခိုင်ပြည်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ (IDPs) နှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများ (IDPs) အတွင်း နေထိုင်သူများအနက် COVID -19 ကာကွယ်ဆေးမထိုးရသေးသူဦးရေ ၅၀၀၀၀ ကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက DMG သို့ သြဂုတ် ၂၁ ရက်တွင် ပြောသည်။
21 Aug 2021
DMG | သြဂုတ် ၂၁
ရခိုင်ပြည်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ (IDPs) နှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများ (IDPs) အတွင်း နေထိုင်သူများအနက် COVID -19 ကာကွယ်ဆေးမထိုးရသေးသူဦးရေ ၅၀၀၀၀ ကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက DMG သို့ သြဂုတ် ၂၁ ရက်တွင် ပြောသည်။
ယင်းသို့ထိုးနှံပေးမည့် ကာကွယ်ဆေး ၅၀၀၀၀ အနက် ၃၀၀၀၀ ကို ရခိုင်စစ်ဘေးရှောင်စခန်းတွင် ထိုးပေးသွားမည်ဖြစ်ပြီး ကျန် ၂၀၀၀၀ ကို မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ကာကွယ်ဆေးထိုးရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ဆီကို ဆေးတွေဘယ်အချိန်ရောက်မယ်။ ဘယ်အချိန်ထိုးနိုင်မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ တရုတ်ကဆေးတွေ ရောက်တာနဲ့ ဒီဘက်ကို ဆေးတွေရောက်လာမှာပါ။ အချိန်အတိကျ မသိရပေမယ့် ရောက်တာနဲ့ ဆေးရဲ့သတ်မှတ်ချိန်မတိုင်ခင် အပြီးထိုးပေးသွားမှာပါ”ဟု ဦးလှသိန်းကဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်ရှိ ဒုတိယအသုတ်အနေဖြင့် ပထမကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၉၀၀၀၀ ကျော်ကို များမကြာမီရက်ပိုင်းအတွင်း ဒုတိယအကြိမ်ကာကွယ်ဆေးများထိုးနှံပေးသွားရန်စီစဉ်ထားကြောင်းကိုလည်း ၎င်းကဆိုသည်။
“ဒုတိယအသုတ်မှာ အချို့ IDPs က လူအချို့ကိုထိုးခဲ့တာတွေရှိတယ်။ အဲ့ဒီလူတွေက သူတို့ ဒုတိယအကြိမ်ထိုးရမယ့်အချိန်မှာ သေချာပေါက်ထိုးရမယ်။ ငါးသောင်းထဲမှာတော့ အဲ့လူတွေမပါဘူး။ အခုတစ်ခေါက်က IDPs Camp တွေထဲက တစ်ခါမှ ဆေးမထိုးတဲ့လူတွေကိုပဲ ထိုးပေးသွားမှာဖြစ်ပါတယ်” ဟု ဦးလှသိန်းကဆိုသည်။
ယင်းကဲ့သို့ IDPs Camp များတွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်ကိစ္စသည် ကောင်းမွန်သည့်ကိစ္စရပ်တစ်ခုဖြစ်ပြီး မွတ်ဆလင် Camp များ ပါဝင်လာသည့်အပေါ် များစွာကြိုဆိုကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ၁၈ နှစ်အောက်အရွယ်တွေက ခန့်မှန်းခြေ သုံးသောင်းနီးပါးရှိတယ်။ ကျန်တဲ့ ခုနစ်သောင်းလောက်မှာ ကိုဗစ်ရောဂါဖြစ်ခဲ့တဲ့ လူတွေရှိတော့ သုံးသောင်းဆိုရင်လည်း သုံးသောင်းလောက်အများကြီး ကာမိနိုင်တယ်။ IDPs တွေအတွက် စဉ်းစားလာတာကောင်းတယ်လို့ မြင်ပါတယ်”ဟု ၎င်းကရှင်းပြသည်။
ရခိုင်ပြည်တွင် IDPs စခန်းများအတွင်း နေထိုင်ရသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်နှင့် IDPs Camp များတွင် နေထိုင်ရသည့် မွတ်ဆလင်ဦးရေ နှစ်သိန်းကျော်အထိ ရှိနေကြောင်း REC ၏ စာရင်းအရ သိရသည်။