- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူတွင် တစ်ညတည်း၌ ကား(၈)စီး၏မှန်များ ရိုက်ခွဲဖျက်ဆီးခံရ
ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့တွင် ညအိပ်ရပ်နားထားသည့် အိမ်စီးကား (၇)စီးနှင့် လိုင်းဆွဲကား (၁)စီးတို့၏မှန်များ ရိုက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ကားပိုင်ရှင်များထံမှ သိရသည်။
07 Apr 2022
DMG ၊ ဧပြီလ ၇
ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့တွင် ညအိပ်ရပ်နားထားသည့် အိမ်စီးကား (၇)စီးနှင့် လိုင်းဆွဲကား (၁)စီးတို့၏မှန်များ ရိုက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ကားပိုင်ရှင်များထံမှ သိရသည်။
ဧပြီလ ၅ ရက်နေ့ ညအချိန်တွင် ကားမှန်များ ထိုသို့ရိုက်ခွဲခံလိုက်ရခြင်းဖြစ်ကာ ဧပြီလ ၆ ရက်နေ့တွင် မြို့နယ်ရဲစခန်းမှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကားမှန်ရိုက်ခွဲခံရသူတစ်ဦးက “ရိုက်ခွဲခံရတဲ့မှန်တွေက တစ်ချပ်ကို နှစ်သိန်းကျော်ကနေ သုံးသိန်းကျော်ထိရှိတယ်။ သယ်ယူတပ်ဆင်စရိတ်နဲ့ဆို လေးသိန်းဝန်းကျင်ရှိမယ်။ အလကားနေရင်း စော်ကားခံလိုက်ရသလိုပဲ”ဟု ပြောသည်။
ထိုသို့ကားမှန်များရိုက်ခွဲခြင်းမှာ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်ဖြစ်ပြီး မြို့၏လုံခြုံမှုကို ခြိမ်းခြောက်နေသောကြောင့် ကျူးလွန်သူများကို သက်ဆိုင်ရာမှ အမြန်ဆုံးဖော်ထုတ်အရေးယူစေလိုသည်ဟု အမည်မဖော်လိုသည့် ကားမှန်ရိုက်ခွဲခံရသူ နောက်တစ်ဦးကပြောသည်။
“ဒါက ရန်းငြိုးရန်စရှိလို့ လုပ်ခံရတာမဟုတ်တော့ဘူး။ လမ်းမှာတွေ့ရာကို ချကွာဆိုတဲ့သဘောနဲ့ သူများပစ္စည်းတွေကို သပ်သပ်မဲ့ ဖျက်လိုဖျက်ဆီးလုပ်သွားတာ။ ဒီကောင်တွေလုပ်ရပ်က မင်းမဲ့စရိုက်ဆန်ပြီး ဥပဒေစိုးမိုးမှုကို တိုက်ရိုက်စိန်ခေါ်သွားတာနဲ့ အတူတူပဲ။ ဒါကြောင့် ဒီကောင်တွေကို အမြန်ဆုံးဖော်ထုတ်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန်အတွက် ကျောက်ဖြူမြို့မရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် တုန့်ပြန်ချက် တစ်စုံတစ်ရာမရရှိသေးပါ။