- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒေသဖွံ့ဖြိုးရေးကိုဦးဆောင်လုပ်ကိုင်နေသည့် လူငယ်များကို ဖမ်းဆီးလာခြင်းမှာ မတရားဖိနှိပ်လာခြင်းဟု ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်ထုတ်ပြန်
ဒေသဖွံ့ဖြိုးရေးတွင်ဦးဆောင်လုပ်ကိုင်နေကြသည့် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအပါဝင် ရခိုင်ပြည်အတွင်းမှလူငယ်များကို PDF နှင့်ဆက်စပ်သည့်ဟုဆိုကာ ဖမ်းဆီးလာခြင်းမှာ မတရားဖိနှိပ်လာခြင်း ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများ-ကွန်ရက်(AAYON)က ယနေ့ထုတ်ပြန်လိုက်သည်။
07 Jan 2022
DMG ၊ ဇန်နဝါရီ ၇
ဒေသဖွံ့ဖြိုးရေးတွင်ဦးဆောင်လုပ်ကိုင်နေကြသည့် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအပါဝင် ရခိုင်ပြည်အတွင်းမှလူငယ်များကို PDF နှင့်ဆက်စပ်သည့်ဟုဆိုကာ ဖမ်းဆီးလာခြင်းမှာ မတရားဖိနှိပ်လာခြင်း ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများ-ကွန်ရက်(AAYON)က ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါလူငယ်များအား သက်သေအထောက်အထား တစ်စုံတစ်ရာခိုင်လုံမှုမရှိဘဲ PDF နှင့်ဆက်စပ်သည့်ဟုဆိုကာ မတရားဖမ်းဆီးချုပ်နှောင်ပြီးတရားစွဲဆိုမှုများကို ရှုတ်ချကြောင်း ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများ-ကွန်ရက် ယာယီတာဝန်ခံ မဖြိုးအိစံက ပြောသည်။
“ဒေသဖွံ့ဖြိုးရေးအတွက်လုပ်နေကြတဲ့ လူငယ်တွေကို အကြောင်းမဲ့သပ်သပ် PDF ဆိုပြီး ဖမ်းဆီးသွားတာဟာ AAYON က ရှုတ်ချတယ်။ အဲဒါက မတရားဖိနှိပ်တယ်လို့သတ်မှတ်တာကြောင်း အခုလိုထုတ်ပြန်ရတာ”ဟု ၎င်းက ဆိုသည်။
တောင်ကုတ်မြို့နယ် လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးမှာ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ အပါအင် အခြားသောဒေသဖွံ့ဖြိုးရေး လုင်ငန်းများကို ဦးဆောင်ဦးရွက်လုပ်ကိုင်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သည်။
၎င်းကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)နှင့် လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ထားသည်။
“ကိုမင်းကိုဦးကတော့ မတရားအဖမ်းခံရတာပေါ့။ သက်ဆိုင်ရာ ရဲစခန်းတွေ၊ စခန်းမှူးတွေကိုသွားမေးတဲ့အခါ သူရဲ့ဖုန်းနဲ့ ကွန်ပျူတာထဲမှာတော့ ဆက်စပ်တာတွေ တစ်ခုမှမတွေ့ဘူးပေ့ါ။ သက်သေတွေ ဘာမှလည်းမတွေ့ တော့ အမြန်ဆုံးတော့ပြန်လွှတ်ပေးစေချင်တယ်’’ဟု တောင်ကုတ်လူငယ်ကွန်ရက်မှ အဖွဲ့ဝင် မဖြိုးနန္ဒာက ဆိုသည်။
စစ်ကောင်စီ၏လုပ်ဆောင်နေကျနည်းလမ်းများအတိုင်း အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း များ၊ အချိန်ကြန့်ကြာအောင် တမင်တကာဆွဲဆံ့ထားခြင်းများမှာ ရခိုင်လူငယ်များအပေါ် ယခင်ကတည်းက လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရခိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ကိုးဦး အထိရှိပြီး တစ်ဦးမှာ သက်သေခိုင်လုံမှုမရှိသဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
လက်ရှိဖမ်းဆီးတရားစွဲဆိုခံထားရသူများမှာ သံတွဲမြို့မှ ဦးစိန်ချစ်၊ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်၊ ငပလီမြို့မှ ကိုရဲနိုင်ဦးနှင့် မငြိမ်းအိဖြူ၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ) အောင်နိုင်မြင့်၊ တောင်ကုတ်မြို့မှ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်၊ တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးတို့ ဖြစ်ကြသည်။