- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးကို ၈၆ ရာနှုန်း ထိုးနှံပြီး
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၈၆ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
21 Apr 2022
DMG ၊ ဧပြီ ၂၁
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၈၆ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ပြည်သူတို့အား ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန် စီစဉ်ထားသော်လည်း ဖျားနာသူများနှင့် မိမိဆန္ဒအရ လာရောက်မထိုးနှံသူများကြောင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးမှာ အဆင်မပြေသေးကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က DMG သို့ ပြောသည်။
“ဧပြီလကုန်အပြီး ကာကွယ်ဆေးထိုးပေးမယ်လို့ ခန့်မှန်းထားတယ်။ ရာနှုန်းပြည့်ထိုးပြီးဖို့ဆိုတာ နေရာတိုင်းမှာတော့ မဖြစ်နိုင်ဘူး။ ဖျားနာလို့ မထိုးတဲ့သူတွေရှိတယ်။ မိမိဆန္ဒအရ မထိုးချင်လို့ မထိုးတဲ့သူတွေရှိတယ်။ ပြီးတော့စာရင်းဇယားတွေအရ နိုင်ငံခြားကို တရားဝင်ထွက်သွားတာရော တရားမဝင်ထွက်သွား တာတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးထိုးနှံချင်တဲ့သူတွေအကုန်လုံးကို ကျနော်တို့ထိုးနှံပေးသွားမယ်”ဟု ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။
ထို့အပြင် လက်ရှိကာလတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့သူဦးရေမှာ သိသိသာသာကျဆင်းလျှက်ရှိနေသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို သတိထားလိုက်နာကြရန် ၎င်းကတိုက်တွန်းထားသည်။
“ကိုဗစ်ပိုးတွေ့ရှိနှုန်းက ဇီးရိုးရာခိုင်နှုန်းပါ။ ကိုဗစ်ပိုးတွေ့ရှိမှု သိသိသာသာကျဆင်းမှုတွေ ရှိနေပေမယ့် ကိုဗစ်စည်းကမ်းချက်တွေကိုတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့တန်းတူ ဆောင်ရွက်သွားမှာပါ”ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။
လက်ရှိတွင် နိုင်ငံတဝန်း ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းများ သိသိသာသာကျဆင်းမှုကြောင့် လူ ၄၀၀ အထိစုဝေးခွင့်ပြုလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။