- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒီပဲယင်း ညောင်လှကျေးရွာကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်များသုံးပြီး ဗုံးကြဲတိုက်ခိုက်ဟု ဒေသခံများစွပ်စွဲ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအတွင်းကို နိုဝင်ဘာ၂၇ ရက် နေ့လယ်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ ရယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။
29 Nov 2021
DMG ၊ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအတွင်းကို နိုဝင်ဘာ၂၇ ရက် နေ့လယ်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ ရယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။
"မူးခံတွင်းကျေးရွာအထက်မှာ ရဟတ်ယာဉ် ၅ စီးလောက်ဝဲပြီး ပစ်နေတာတွေ့ရတယ်။ ဘာလို့လာပစ်မှန်းကို မသိရတာ။ အခု ကျွန်တော်တို့ ထွက်ပြေးနေရပါတယ်" ဟု အမည်မဖော်လိုသူ ကျေးရွာဒေသခံတစ်ဦးက DMG ကို ပြောသည်။
စစ်ကောင်စီတပ်များမှ ရဟတ်ယာဉ်လေးစီးဖြင့် တပ်သားများချပေးမှုရှိနေပြီး ကျန်တစ်စီးမှာ လမ်းကြောင်းရှင်းသည့်ပုံစံဖြင့် ပစ်ခတ်ပေးမှုကြောင့် ညောင်လှကျေးရွာရှိ ဥယျာဉ်ခြံအတွင်းသို့ ဗုံးတစ်လုံးပြုတ်ကျခဲ့ပြီး နေအိမ်နှင့်ခြံတစ်ခုလုံး ပျက်စီးခဲ့ရကြောင်း ယင်းမှဆိုသည်။
စစ်ကောင်စီတပ်များမှ ရဟတ်ယာဉ်အသုံးပြုများစွာရှိခြင်းသည် အခြားတိုင်းရင်းသား ဒေသများတွင်လည်း အသုံးပြုနေခြင်းဖြစ်ကာ ဂျီနီဗာကွန်ဗန်ရှင်းအရကော လူအရင်းအမြစ်များ ရပ်တည်ဖို့ တားဆီးနေတာက Crime against humanity ကို ချိုးဖောက်ရာရောက်ကြောင်း၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် လှုပ်ရှားခဲ့သည့် ကိုညီညီလွင် (ဦးဂမ္ဗီရ) မှ ဝေဖန်သည်။
"ဒါက အလွန်အကျွံ စစ်အင်အားသုံးတာပဲ။ ဂျီနီဗာ သဘောတူညီချက်အရဆိုရင် ပြည်တွင်းစစ်မှာ လေယာဉ် သုံးစွဲခွင့်မရှိဘူး။ နိုင်ငံတကာစစ်ဥပဒေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပါ။" ဟု ကိုညီညီလွင် (ဦးဂမ္ဗီရ) မှ ဝေဖန်သည်။
စစ်ကောင်စီတပ်အင်အားအများအပြား တပ်စွဲရာ ညောင်လှကျေးရွာအနီးမှ ကျေးရွာသားတချို့ကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ဖမ်းဆီးနေမှုကြောင့် ကျေးရွာသားများနီးစပ်ရာ တောတောင်များသို့ တိမ်းရှောင်နေရပြီး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့မှ ဆိုသည်။
"လက်တစ်လော စစ်ရှောင်များပါ အင်းအားများစွာရှိနေတော့ ရက်ရှည်လာလျှင် အခက်ကြုံနေရပါတယ်။ လက်ရှိ အချိန်မှာတော့ နီးစပ်ရွာ ကျေးရွာများ အကူအညီယူနေရပါတယ်။ ဒီပဲယင်းမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့မှာလည်း ရိက္ခာပြတ်နေတာကြောင့် အခက်အခဲများစွာ ဖြစ်နေရတယ်" ဟု အဆိုပါစစ်ဘေးရှောင်ကူညီအဖွဲ့က ဆိုသည်။
ရဟတ်ယာဉ်များပစ်ခတ်မှုကြောင့် ညောင်လှကျေးရွာမှ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် လူငယ်နှစ်ဦးသေဆုံးခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင်လည်း ညောင်လှကျေးရွာကို စစ်ကောင်စီတပ်များမှ နေအိမ်များကို မီးရှို့မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။