- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဈေးနှင့် ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာနေ
မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာကြောင်း သိရသည်။
27 Sep 2021
DMG ၊ စက်တင်ဘာ ၂၇
မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၆ ပဲ ရွှေတစ်ကျပ်သားကို ၁၄ သိန်း ၅ သောင်းဝန်းကျင်သာရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာနေပြီး ယင်းနောက်ပိုင်းတွင် ရွှေဈေးမှာ ဆက်တိုက်ဆိုသလို မြင့်လာခဲ့ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရွှေဈေးမှာ ၁၉ သိန်းခွဲကျော်အထိ ဈေးနှုန်းမြင့်တက်လာနေခြင်းဖြစ်သည်။
ရွှေဈေးမှာ စက်တင်ဘာလအစောပိုင်းတွင် ၁၇ သိန်းအထိရှိရာမှ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ သုံးပတ်တာအတွင်း ၁၉ သိန်းငါးသောင်းဝန်းကျင်အထိ မြင့်တက်လာနေခြင်းလည်းဖြစ်သည်။
စစ်တွေမြို့ မြင့်ရတနာရွှေဆိုင်မှ ကိုညဏ်ထွန်းအောင် “မနေ့တော့ ၁၉ သိန်းနှစ်သောင်းလောက်ရောင်းနေပေမဲ့ ဒီနေ့တော့ နည်းနည်းတက်သွားပါတယ်။ ၁၉ သိန်း ၅ သောင်းအထိဈေးတက်လာပါတယ်”ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ရွှေဈေးတက်ခြင်းကြောင့် ရွှေဆိုင်များတွင် အရောင်းလုံးဝကျဆင်းသွားခဲ့ကြောင်းလည်း ရွှေဆိုင်ပိုင်ရှင်များက ပြောကြသည်။
လက်ရှိ ရွှေအရောင်းဝယ်ဈေးကွက်တွင် ရွှေဝယ်ယူသူများထက် ရွှေပေါင်နှံသူများက ပို၍များပြားလာကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ရွှေဈေးမြင့်တက်လာသကဲ့သို့ ဒေါ်လာဈေးလည်းမြင့်တက်လျက်ရှိခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိနေသည်။
သီဒ္ဓီအောင်ရွှေဆိုင်မှ ကိုမျိုးမျိုးက “အခုက ဒေါ်လာဈေးတက်လာတော့၊ ရွှေဈေးလည်းတက်ပါတယ်။ အဓိကတော့ ဒေါ်လာဈေးကြောင့်တက်တာပါ။ ရွှေးဈေးနဲ့ ဒေါ်လာနဲ့ကမှီနေတာကို ”ဟု ပြောသည်။
ဒေါ်လာဈေးနှုန်းမှာ အာဏာမသိမ်းမီက အမေရိကန်တစ်ဒေါ်လာကို ၁၃၅၇ ကျပ်မှ ယနေ့တွင် တစ်ဒေါ်လာလျှင် ၂၂၃၅ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။