- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က မြို့နယ်လေးခုတွင် ဒီရေတောပြုန်းတီးမှု ၇၉ ရာခိုင်နှုန်းခန့်အထိရှိလာကြောင်း ဒီရေတောထိန်းသိမ်းသူများပြော
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ စသည့်မြို့နယ်လေးခုတွင် ဒီရေတောပျက်စီးပြုန်းတီးမှုမှာ ၇၉ ရခိုင်နှုန်းခန့်အထိရှိလာနေကြောင်း ရခိုင်ပြည်နယ်က ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။
26 Aug 2021
DMG ၊ သြဂုတ် ၂၆
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ စသည့်မြို့နယ်လေးခုတွင် ဒီရေတောပျက်စီးပြုန်းတီးမှုမှာ ၇၉ ရခိုင်နှုန်းခန့်အထိရှိလာနေကြောင်း ရခိုင်ပြည်နယ်က ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။
ယင်းသို့ ဒီရေတောများပျက်စီးမှုရှိလာခြင်းမှာ ငါးပုဇွန်မွေးမြူရေးအတွက် ကာရီဆည်ခြင်း၊ ဆားကွင်းခုတ်ထွင်ခြင်း၊ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု အမ်းမြို့နယ် ဒီရေတောထိန်သိမ်းရေးလုပ်ကိုင်နေသူ ကိုမျိုးလွင်ကပြောသည်။
"ကျနော်တို့ကွင်းဆင်းလေ့လာမှုအရအပြင် GPS နဲ့ကြည့်ပြီး အခုပျက်စီးမှုအခြေအနေအပေါ်မူတည်ကြည့်ပြီး ၇၉ ရာခိုင်နှုန်းပျက်စီးနေတယ်ဆိုတာကိုသိတာဖြစ်တယ်။ ဒီထဲမှာ ငါးပုဇွန်မွေးမြူရေးအတွက် ကာရီဆည်တယ်၊ ဆားကွင်ခုတ်ထွင်တယ် ဒါတွေကြောင့်ပျက်စီးမှုက ၆၂ ရခိုင်နှုန်းလောက်ရှိတယ်။ နောက်တစ်ခုက ထင်းခုတ်၊ မီးသွေးဖုတ်၊ သဘာဝဘေးကြောင့်ပျက်စီးတာက ၁၇ ရာခိုင်နှုန်းလောက်ပျက်စီးနေတယ်"ဟု ၎င်းကပြောသည်။
အဆိုပါမြို့နယ်လေးခုတွင် ဒီရေတောဧက ၂၈၆၀၀ ကျော်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်းသိမ်းလျက်ရှိကြောင်း ဒီရေတောထိန်းသိမ်းသူများထံမှ သိရသည်။
ယခုနှစ်တွင် ကိုဗစ်ရောဂါအခြေအနေကြောင့်ဟကိုယ်ထူကိုယ်ထ ဒီရေတောစိုက်ပျိုးမှု အပင်ရေ တစ်သိန်းကျော်သာ စိုက်ပျိုးနိုင်သေးပြီး ဆက်လက်စိုက်ပျိုးရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ငါးကန်၊ ပုဇွန်ကန်၊ ကာရီများတည်ဆောက်ခြင်းကြောင့် သဘာဝမှပေးအပ်သည့် လူအများသားငါးရှာဖွေခြင်းကို တစ်ဦးတစ်ယောက်ပိုင်အဖြစ် အကျိုးခံစားခွင်ရရှိသွားပြီး ယခုကဲ့သို့မဖြစ်စေရန်အတွက် အစိုးရမှကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ကျောက်ဖြူမြို့နယ်မှ ဒီရေတောထိန်းသိမ်းရေးပြုလုပ်နေသူ ကိုခင်မောင်ရွှေကပြောသည်။
"အခုကာရီတွေ၊ ငါးကန်တွေ၊ ပုဇွန်ကန်တွေ၊ ဂဏန်းကန်တွေဆည်တာက ကိုယ်ပိုင်တာတွေကိုကိုယ်ဆည်တဲ့လူရှိသလို အစိုးရ ဆီမှာအခွန်ဆောင်ပြီး ဆည်တဲ့သူတွေလဲရှိကြတယ်။ ဆိုတော့က သဘာဝကဗပးအပ်တဲ့အရာကို မိမိဒေသကသူတွေ အကုန်ခံစားခွင့်ရအောင် တစ်ဦးပိုင်လုပ်ကိုင်ခွင့်ပေးလိုက်တာက အဆင်မပြေဘူး။ ဒါကြောင့် အများသူငှာ အသုံးပြုရှာဖွေလို့ရအောင် အစိုးရမှ ပုဂ္ဂလိကဆည်၊ တာတွေကို တားမြစ်ဖို့လိုတယ်။ အပင်တွေခုတ်ရင်လဲ ထိရောက်တဲ့အရေးယူမှုလုပ်ဆောင်ဖို့လိုနေတယ်"ဟု ၎င်းကပြောသည်။
မွေးမြူရေးကန်များတည်ဆောက်လာခြင်းကြောင့် တစ်ပိုင်တစ်နိုင် ငါးပုဇွန်ရှာဖွယ်စားသောက်သူများအနေဖြင့် ရှာဖွယ်စားသောက်ရန်နေရာ အခက်အခဲရှိလာနေသည်ဟုလည်း ဒေသခံများကပြောဆိုသည်။