- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူတွင် ဓာတ်အားခွဲစက်ရုံသို့သွားမည့်လမ်းဖောက်လုပ်နေမှုကြောင့် ချောင်းပိတ်ဆို့၍ မိုးရာသီတွင်ကျေးရွာများရေနစ်မြုပ်မည်ကို ဒေသခံများစိုးရိမ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဖြို့နယ်တွင် ကျောက်ဖြူချောင်းကို ပိတ်ဆို့ကာ ဓာတ်အားခွဲစက်ရုံသို့သွားမည့်လမ်းဖောက်လုပ်နေခြင်းကြောင့် လာမည့်မိုးရာသီတွင် ကျေးရွာများရေနစ်မြုပ်မှုနှင့်ကြုံတွေ့ရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
29 Jan 2022
DMG ၊ ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဖြို့နယ်တွင် ကျောက်ဖြူချောင်းကို ပိတ်ဆို့ကာ ဓာတ်အားခွဲစက်ရုံသို့သွားမည့်လမ်းဖောက်လုပ်နေခြင်းကြောင့် လာမည့်မိုးရာသီတွင် ကျေးရွာများရေနစ်မြုပ်မှုနှင့်ကြုံတွေ့ရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
အဆိုပါချောင်းမှာ အလျား ၉ မိုင်ကျော်ရှည်လျားပြီး ယခုအခါ ချောင်းဝမှစ၍ပိတ်ဆို့လိုက်ခြင်းကြောင့် မိုးရာသီတွင် ရေဆင်းပေါက်မရှိဘဲ ကျေးရွာများရေနစ်မြုပ်မှုဖြစ်မည်ကိုစိုးရိမ်ကြောင်း ကျောက်ဖြူမြို့၊ ကုန်ဘောင်ကျေးရွာဒေသခံ ကိုထွန်းစိုးကပြောသည်။
"ဒီချောင်းက ကန့်ကော်ဖက်ကစပြီး ရေစီးဆင်းမှုရှိတယ်။ မိုးသည်းထန်စွာရွာမယ်ဆိုရင် ရေစီးဆင်းမှုမရှိဘဲ ကျနော်တို့ရွာတွေနစ်မြုပ်မှာကို စိုးရိမ်နေရတယ်။ ချောင်းကိုပိတ်ဆို့တာမဖြစ်သင့်ဘူး။ ဒီချောင်းက အရင်ကတည်းက သဘာဝအတိုင်းရှိနေတဲ့ချောင်းကိုဆည်လိုက်တော့ ရေနစ်မြုပ်မှုရှိမှာသေချာတယ်"ဟု ၎င်းကဆိုသည်။
ယင်းချောင်းအားဆည်ဖို့ပြီး ဓာတ်အားခွဲစက်ရုံသို့သွားမည့်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို Power China ကုမ္ပဏီမှ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
လာမည့်မိုးရာသီတွင် အခက်အခဲကြုံလာနိုင်သည့်အတွက် ချောင်းပိတ်ဆို့မှုကို အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဒေသခံ ဒေါ်သိန်းလှက "ကျမတို့ မိုးရာသီရောက်ရင် ရေကြီးမှုဖြစ်လာမှာသေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေဆင်းမဲ့နေရာမရှိတော့ ရေကြီးမှုဖြစ်လာမှာသေချာတယ်။ အဲဒါကြောင့် ဒီချောင်းပိတ်ဆို့နေခြင်းကို ရပ်တန့်ပေးဖို့ပြောချင်တယ်။ မရပ်တန့်ဘူးဆိုရင် ရေနစ်မြုပ်မှုဖြစ်ရင် ဘယ်သူတွေကတာဝန်ယူမလဲဆိုတာကိုသိချင်တယ်"ဟု ပြောသည်။
လက်ရှိပိတ်ဆို့ထားသည့်ချောင်းအစား ချောင်းသစ်ပြန်လည်ဖောက်ပေးမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။
"ချောင်းကိုပိတ်ဆို့တာတော့ မဟုတ်ဘူး။ အစိုးရနဲ့ Power china လုပ်ဆောင်နေတဲ့ ဓာတ်အားခွဲစက်ရုံကိုသွားမဲ့အတွက် လမ်းလုပ်တာမှာ အဲလိုအရင်ကချောင်းကပိတ်သွားတာ။ အဲဒီချောင်းအစား ချောင်းထပ်ဖောက်ပေးမှာဖြစ်တယ်"ဟု ၎င်းကပြောဆိုသည်။
လက်ရှိချောင်းပိတ်ဆို့ခြင်းအား ရပ်တန့်ပေးရန် ကျေးရွာအတွင်း နေထိုင်သူများ၏ သဘောထားလက်မှတ်များကိုကောက်ယူကာ ဒေသအာဏာပိုင်များထံတင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။