- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကိုဟန်မျိုးသူရိန်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ရှိ
ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုဟန်မျိုးသူရိန်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ရှိကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။
14 May 2022
DMG ၊ မေ ၁၄
ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုဟန်မျိုးသူရိန်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ရှိကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရသူများလွတ်မြောက်ရေးအတွက်ဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ကို တားဆီးသည်ဟုဆိုကာ ကိုဟန်မျိုးသူရိန်ကို သံတွဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။
အမှုတွင် သက်သေများအားလုံးစစ်ဆေးပြီးဖြစ်၍ ယမန်နေ့(မေလ ၁၃ ရက်)ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြောင်း အထက်တန်းရှေ့နေ မမျိုးတင်ဇာထွန်းကပြောသည်။
“မနေ့က အပြီးသတ်လျှောက်လဲချက်တင်တယ်ပေါ့နော်။ လာမည့်ရုံးချိန်းမှာဆိုရင် အပြီးသတ်အမိန့်ချဖို့ ရုံးချိန်း ချိန်းဆိုထားတယ်”ဟု ၎င်းကပြောသည်။
ကိုဟန်မျိုးသူရိန်အမှုကို အပြီးသတ်အမိန့်ချရန်အတွက် လာမည့်မေလ ၂၀ ရက်နေ့တွင် ရုံးချိန်းထားကြောင်း ရှေ့နေထံမှ သိရသည်။
အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်မှာ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှဖြစ်ပြီး ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သကဲ့သို့ NGO အဖွဲ့အစည်းများတွင်လည်း လူ့အခွင့်အရေးသင်တန်းများကို ပို့ချနေသူတစ်ဦးဖြစ်သည်။