- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လူငယ်စာရေးဆရာ မင်းဒီပါ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ၊ အယူခံတက်မည်ဟု မိသားစုပြော
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်စပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရကြောင်း ရှေ့နေထံမှသိရသည်။
25 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၅
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်စပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရကြောင်း ရှေ့နေထံမှသိရသည်။
၎င်းကို PDF သို့ ငွေကြေးထောက်ပံ့မှု၊ လှုံ့ဆော်မှုတို့ပြုလုပ်သည်ဆိုကာ မြောက်ဦးခရိုင်တရားရုံးမှ ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ယင်းသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးလင်းက DMG ကိုပြောသည်။
“သူ့ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချလိုက်တယ်။ ဒီအမှုအတွက် ရှေ့ကိုအယူခံဆက်သွားဖို့ရှိတယ်။ မိသားစုနဲ့လည်း တိုင်ပင်ထားပြီ။ ဒီအမှု ၅၀(ည)မှာပါတဲ့ အနည်းဆုံးပြစ်ဒဏ်နဲ့ ချလိုက်တာပါ။ အများဆုံးကတော့ တစ်သက်တစ်ကျွန်းထိရှိတယ်။ဒါကို PDF ကိုငွေထောက်ပံ့တယ်။ လှုံ့ဆော်တယ်ဆိုပြီးချလိုက်တာ”ဟု ပြောသည်။
လူငယ်စာရေးဆရာမင်းဒီပါမှာ အပြစ်မရှိဘဲ စွပ်စွဲခံရသူသာဖြစ်ကြောင်းနှင့် ၎င်းကို ကြီးလေးသောပြစ်ဒဏ်ချမှတ်မှုအပေါ် ကျေနပ်မှုမရှိသဖြင့် အယူခံတက်ရန်ပြင်ဆင်နေကြောင်း မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။
ကိုမင်းဒီပါ၏အစ်မဖြစ်သူက မနန်းစိုးက “ကျမမောင်လေးမှာ ဘာအပြစ်မှမရှိဘဲ စွပ်စွဲမှုနဲ့ချမှတ်တာကို ကျေနပ်မှုမရှိဘူး။ အယူခံဆက်တက်သွားမယ်။ ကျမတို့ အရမ်းခံစားရတယ်။ ဘာအပြစ်မှမရှိဘဲ ချမှတ်ခံရတာကိုခံစားရတယ်”ဟု ပြောသည်။
ကိုအောင်နိုင်မြင့်(ခေါ်) လူငယ်စာရေးဆရာမင်းဒီပါကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံ ငွေကြေးထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ကဖမ်းဆီးခဲ့သည်။ ယင်းနောက် မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်က တရားလိုပြုလုပ်ကာ ၎င်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုခဲ့သည်။
လူငယ်စာရေးဆရာ မင်းဒီပါ(မြို့ဟောင်းမြေ)မှာ မာယာကင်းမဲ့ဇုန်ဆိုသည့် ဝတ္ထုစာအုပ်ကိုရေးသားထုတ်ဝေထားပြီး ယင်းစာမူခအဖြစ်ရရှိသည့်ငွေများကို ဘဏ်မှထုတ်ယူခဲ့မှုကြောင့် သံသယဖြစ်ကာဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်၍ သံသယဖြင့်ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရသူ ၁၀ ဦးထက်မနည်းရှိသည်။