- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဆိပ်ရွာသား ၅ ဦးအမှုတွင် တရားခံပြသက်သေများကို စတင်စစ်ဆေး
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရကာ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုကို ယနေ့(ဖေဖော်ဝါရီ ၉ ရက်နေ့)တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ရာ တရားခံပြသက်သေ (၄)ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။
09 Feb 2022
DMG ၊ ဖေဖေါ်ဝါရီ ၉
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရကာ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုကို ယနေ့(ဖေဖော်ဝါရီ ၉ ရက်နေ့)တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ရာ တရားခံပြသက်သေ (၄)ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကျောက်ဆိပ်ကျေးရွာသားတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ည)၊ ၅၂(က)တို့ဖြင့် စွဲချက်တင်ခဲ့သည်။ ယနေ့ရုံးထုတ်ရာတွင် တရားခံပြသက်သေ စုစုပေါင်း ၁၃ ဦးရှိသည့်အနက် ၄ ဦးကို စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက DMG သို့ပြောသည်။
“ဒီနေ့ တရားခံပြသက်သေ ၄ ဦးကိုစစ်တယ်။ နောက်ထပ်စစ်ဆေးဖို့ ၉ ဦးကျန်သေးတယ်။ ဒါကြောင့် သူတို့ကိုစစ်ဖို့ လာမယ့်ဖေဖော်ဝါရီ ၁၇ ရက်နေ့ကိုရုံးချိန်းထားတယ်”ဟု ရှေ့နေကပြောသည်။
တရားရင်ဆိုင်နေရသူတို့မှာ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်ပြီး ၎င်းတို့အား ပုဏ္ဏားကျွန်းမြို့၊ အခြေစိုက် (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုပြုကာ တရားစွဲဆိုထားခြင်းသည်။
ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များက ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ကန်ကျောက် နှိပ်စက်မှုကိုခံခဲ့ကြရပြီး လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်နီးပါးကြာမြင့်လာနေသည်။
တရားရင်ဆိုင်နေရသူ ကိုညီညီအောင်၏ ဖခင် ဦးမောင်နုရွှေက“ အလုပ်အကိုင်တွေလည်းရှားတော့ ရုံးချိန်းကိုလာဖို့အတွက် မနည်းရှာကြံပြီးလာရတယ်။ သူတို့မှာ အပြစ်မရှိဘူး။ ဒါကြောင့်အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ ဒါကြောင့် ဘယ်အချိန်လွတ်မှာလဲလို့ပဲမေးချင်တယ်”ဟု ပြောသည်။
စစ်တပ်မှအာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့မှပယ်ဖျက်ပြီးနောက် AA နှင့်ပတ်သက်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသူ၊ AA တပ်ဖွဲ့ဝင်အချို့ကို စစ်ကောင်စီ က ပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း AA နှင့်ပတ်သတ်သည်ဟု သံသဖြင့်ဖမ်းဆီးခံရထားရသူ အရေအတွက်မှာ စုစုပေါင်း ၁၁၀ ဦးခန့် ကျန်ရှိနေဆဲဖြစ်သည်။