- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဈေးရောင်းချသူများကို ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်း ရှိ၊မရှိ စစ်ဆေးမည်ဟုပြော
ရခိုင်ပြည်အတွင်းရှိ လူစည်းကားသည့်ဈေးများ၊ Super Market များရှိ အရောင်းဝန်ထမ်းများအား ကိုဗစ်ကာကွယ် ဆေးထိုးထားခြင်းရှိ၊မရှိ စစ်ဆေးမည်ဟု ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
04 Mar 2022
DMG ၊ မတ် ၄
ရခိုင်ပြည်အတွင်းရှိ လူစည်းကားသည့်ဈေးများ၊ Super Market များရှိ အရောင်းဝန်ထမ်းများအား ကိုဗစ်ကာကွယ် ဆေးထိုးထားခြင်းရှိ၊မရှိ စစ်ဆေးမည်ဟု ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
ယမန်နေ့ကပြုလုပ်သည့် ပြည်နယ်စစ်ကောင်စီအစည်းအဝေးတွင် ထိုသို့စစ်ဆေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထွေ/အုပ်၊ စည်ပင်၊ ရဲတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ စစ်ဆေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။
“ဈေးရောင်းတဲ့သူတွေကို ကိုဗစ်ဆေးနှစ်ကြိမ်ထိုးနှံပြီးပြီလား စစ်ဆေးမယ်။ ကာကွယ်ဆေးမထိုးသေးရင် ဈေးမရောင်းရဘူး။ အဲလိုမျိုးလုပ်ဖို့စီစဉ်ထားတယ်။ ကာကွယ်ဆေးနှစ်ကြိမ် ဆေးထိုးထားတဲ့ကပ်ပြားမရှိရင် ဈေးမရောင်းခိုင်းဘူး။ အဲလိုသတ်မှတ်ပြီးတော့ ဆေးထိုးဖို့ကျန်သေးတဲ့သူတွေ မဖြစ်မနေထိုးရမယ်”ဟု ပြောသည်။
ထို့အပြင် အိမ်ဆိုင်၊ စတိုးဆိုင်များရှိ အရောင်းဝန်ထမ်းများကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးမှုရှိ/မရှိ စစ်ဆေး၍ ကာကွယ်ဆေးထိုးနှံမှုမရှိသူများကို စာရင်းကောက်ယူကာ ထိုးနှံပေးရန်စီစဉ်ဆောင်ရွက်သွားမည်ဟု ၎င်းကဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ်အလိုက် စီမံချက်များကိုရေးဆွဲနေပြီး လက်ရှိတွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားသူ ၈၄ ရာခိုင်နှုန်းရှိပြီး ကျန် ၁၆ ရာခိုင်နှုန်းကို ဧပြီလကုန်တွင် ပြီးစီးအောင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါကူးစက်မှုနှုန်းများလာပြီး သေဆုံးမှုများရှိလာသဖြင့် ရောဂါကူးစက်မှုဒဏ်ခံနိုင်ရန်အတွက် မြို့နယ်များအတွင်းရှိပြည်သူများ ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့်မဖြစ်မနေထိုးနှံနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဟုလည်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။