- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘူးသီးတောင်မြို့နယ်တွင် စစ်သားတစ်ဦး အသတ်ခံရပြီးသေဆုံး
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး(မွတ်ဆလင်)ကျေးရွာအနီးတွင် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မြန်မာစစ်သားတစ်ဦး အသတ်ခံရပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
23 Aug 2021
DMG ၊ သြဂုတ် ၂၃
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး(မွတ်ဆလင်)ကျေးရွာအနီးတွင် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မြန်မာစစ်သားတစ်ဦး အသတ်ခံရပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
အသတ်ခံရသည့် စစ်သားမှာ ဘူးသီးတောင်မြို့နယ် အခြေစိုက် (၅၅၂)တပ်ရင်းမှဖြစ်ပြီး သရက်ကင်းမနူးကျေးရွာအနီးတောင်ကုန်းကင်းစခန်းသို့သွားစဉ် အသတ်ခံရခြင်းဖြစ်သည်ဟု သရက်မကင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းလှအောင်က DMG ကို ပြောသည်။
"၈ နာရီမှာ ၅၆၅ တပ်ရင်းက ဖုန်းဆက်လာတယ်။ စစ်သားတစ်ယောက်ပျောက်သွားတယ် ရှာဖွေကြည့်ကြပါလို့ပြောလာတယ်။ မနက် ၁၀ နာရီလောက်မှာ သရက်ကင်းမနူး(မွတ်ဆလင်)ကျေးရွာဝင်ဝအနီးမှာ နောက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတဲ့အလောင်းရှာတွေခဲ့တာဖြစ်တယ်"ဟု ၎င်းကဆိုသည်။
လက်ရှိမှာ သေဆုံးသွားသည့် မြန်မာစစ်သား၏ အမည်ကိုမသိရသေးပေ အသက်မှာ ၅၀ အရွယ်ခန့်ရှိကြောင်း သိရပြီး ၎င်းတွင်ပါသွားသည့် လက်နက်မှာလည်း ပျောက်ဆုံးချက်ရှိကြောင်း သိရသည်။
"နောက်ပြန်ကြိုးချည်နှောင်အသတ်ခံရပြီး သရက်မနူးချောင်းမှာ မျောနေတာလို့သိရတယ်။ အလောင်းရပြီး လက်နက်ရှာမသေးဘူးလို့လည်း သိရတယ်"ဟု ကင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှသန်းမောင်ကဆိုသည်။
အဆိုပါ စစ်သားသဆုံးမှုနှင့်ပတ်သက်ပြီး သရက်ကင်မနူး(မွတ်ဆလင်)ကျေးရွာမှ တာဝန်ရှိသူနှင့် ရွာသားအချို့ကို စကခ(၁၅)တွင် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်းလည်း သရက်ကင်းမနူးကျေးရွာအုပ်စု အုပ်ချုပ်ရေးထံမှသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျံအေးက "အုပ်ချုပ်ရေးပိုင်းကို သတင်းအချက်အလက်မတက်ဘူး"ဟု ပြောသည်။
မောင်တောမြို့နယ်တွင်လည်း မွတ်ဆလင်အချို့ ဖမ်းဆီးခံရမှုဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လျက်ရှိကာ သြဂုတ်လ ၁၇ ရက်နေ့ကလည်း ပဒင်း(မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိလက်နက်ကိုင်ဆောင်ထားသည့် မွတ်ဆလင်အချို့မှဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်မှရွှေများကိုလည်းယူဆောင်သွားခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။