- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ကိုဗစ်ကြောင့် လူသေဆုံးမှုရှိလာသော်လည်း ကျောင်းနှင့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ရန် အစီစဉ်မရှိသေးကြောင်း ပြည်နယ်စစ်ကောင်စီပြော
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယနေ့ (၂၈.၆.၂၀၂၁) နံနက်ပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့သော်လည်း အခြေခံပညာကျောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးတို့ကို ပိတ်သိမ်းရန် အစီစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောသည်။
28 Jun 2021
DMG ၊ ဇွန် ၂၈
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယနေ့ (၂၈.၆.၂၀၂၁) နံနက်ပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့သော်လည်း အခြေခံပညာကျောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးတို့ကို ပိတ်သိမ်းရန် အစီစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က သံတွဲမြို့၊ ဂျိတ္တောရပ်ကွက်ရှိ ကျွဲသောက်ကုန်း (အ.လ.က) ကျောင်းတွင် တာဝန်ကျနေသည့် ဆရာမတစ်ဦးတွင် ကိုဗစ်တွေ့ရှိခဲ့သော်လည်း လက်ရှိတွင် ကျောင်းများကို ပိတ်ရန်မရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။
“ လက်ရှိမှာတော့ ကျောင်းတွေကို ပိတ်ဖို့ မလိုအပ်သေးဘူး။ တကယ်လို့ လိုအပ်လာရင် ကျနော်တို့က ပိတ်ဖို့ရှိ ပါတယ်။ ကျောင်းတွေမှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ကျောင်းသူ၊ သားတွေနဲ့ ဆရာ၊ မတွေကို စည်းကမ်းတကျ ဆောင်ရွက်ထားပါတယ်။ နောက်ပြီးတော့ ဖျားတယ်ဆိုရင် ကျောင်းကိုမလာဖို့ ညွှန်ကြားထားပါတယ်” ဟု ပြောသည်။
လက်ရှိ ဖွင့်လှစ်ထားသည့် ကျောင်းအများစုမှာ Mask ၊ Face shield တပ်ဆင်မှုကို တင်းကြပ်စွာစိစစ်မှု ရှိမနေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိုင်နေရခြင်းတို့ ရှိနေ၍ စိုးရိမ်မှုများရှိကြောင်း စစ်တွေမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုအောင်ကြည်မိုးက DMG ကို ပြောဆိုထားသည်။
“ကျွန်တော့ သမီးလေးတက်နေတဲ့ကျောင်းမှာဆိုရင် Mask တပ်တဲ့ ကလေးက တပ်တယ်။ မတပ်တဲ့သူက မတပ်ဘူး၊ နောက်ပြီး ခုံတန်းတစ်ခုမှာ လေးယောက်ထိုင်ရတာတွေရှိတယ်လို့ သမီးလေးက ပြောလာတယ်။ ကျွန်တော်တို့မှာ ကလေးကို ကျောင်းကိုလွှတ်ဖို့တောင် စိုးရိမ်မိတယ်” ဟု ဆိုသည်။
ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၉ ဦးရှိပြီး စစ်တွေတွင် ၈၀ ဦးနှင့် ကျန်ဦးရေများမှာ သံတွဲနှင့် မောင်တောတို့တွင် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။