- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ငပလီတွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားပြီး ကျူးလွန်သူကို ဖမ်းဆီးအမှုဖွင့်ထား
သံတွဲမြို့နယ်၊ ငပလီမြို့တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများထံမှသိရသည်။
16 Mar 2022
DMG ၊ မတ်လ ၁၆
သံတွဲမြို့နယ်၊ ငပလီမြို့တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများထံမှသိရသည်။
အဆိုပါသက်ငယ်မုဒိန်းမှုမှာ မတ်လ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကျူးလွန်သူမှာ ငပလီမြို့၊ ဂျိတ္တောရပ်ကွက် အကွက်(၄)မှ ဘေးတွဲဆိုင်ကယ်မောင်းနှင်သည့် အသက် ၂၃ နှစ်အရွယ် စိုးစိုးကျော်ဆိုသူဖြစ်သည်။
အဓမ္မကျူးလွန်ခံရသည့်ကလေးငယ်မှာ အဒေါ်ဖြစ်သူထံမှ ဈေးရောင်းပြီးအပြန်လမ်းတွင် စိုးစိုးကျော်မှ စကားပြောစရာရှိသည်ဟု လိမ်လည်ခေါင်ဆောင်ခဲ့ကာ ငပလီမြို့၊ မြပြင်ရပ်ကွက်၊ မြို့ရှောင်လမ်း APOLLO KTV အနီးတွင် အဓမ္မတစ်ကြိမ်ပြုကျင့်ခဲု့ည်ဟု စစ်ဆေးချက်အရသိရကြောင်း မြပြင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက ပြောသည်။
"ကလေးငယ်ကတော့ အခုဆေးရုံမှာပါ။ တရားခံကိုတော့ ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်။ ဖမ်းတာကတော့ မနေ့ကဘဲဖြစ်တယ်။ ကလေးငယ်ကပြန်မရောက်လို့ သွားရှာတဲ့အခါ ည ၁၁ နာရီလောက်မှာတွေ့တယ်။ ဂျိတ္တောရပ်ကွက်၊ အကွက်(၃)မှာထိုင်ပြီးငိုလို့တွေ့တယ်လို့ မိသားစုဝင်ထံကသိရတယ်"ဟု ၎င်းကဆိုသည်။
အဓမ္မကျူးလွန်သူ စိုးစိုးကျော်ကို မတ်လ ၁၅ ရက် နံနက် ၅ နာရီကဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဂျိတ္တောရဲစခန်းမှ သိရသည်။
၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်က ဂွမြို့နယ် မကျည်းငူကျေးရွာတွင် သက်ငယ်မုဒိမ်းမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းအမှုများတွင် ကျူးလွန်သူများကိုဖမ်းဆီးရမိထားသော်လည်း လက်ရှိအချိန်ထိ ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးကြောင်း သံတွဲမြို့နယ် အမျိုးသမီးအရေးလှုပ်ရှားသူများထံမှ သိရသည်။