- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဧပြီလ ၁ ရက်နေ့မှစတင်ပြီး မှတ်ပုံတင်ပါမှသာလျှင် ခရီးသွားလာခွင့်ပြုမည်ဟု စစ်ကောင်စီထုတ်ပြန်
လာမည့်ဧပြီလ ၁ ရက်နေ့မှစတင်ကာ ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း နိုင်ငံသားကတ်(မှတ်ပုံတင်)သာ ပြသစစ်ဆေးခံရမည်ဟု စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
07 Mar 2022
DMG ၊ မတ်လ ၇
လာမည့်ဧပြီလ ၁ ရက်နေ့မှစတင်ကာ ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း နိုင်ငံသားကတ်(မှတ်ပုံတင်)သာ ပြသစစ်ဆေးခံရမည်ဟု စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသောကြောင့် နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့ မှတ်ပုံတင်ပါမှ ခရီးသွားလာခွင့်ရမည့်အပေါ် ပုဏ္ဏားကျွန်းမြို့ခံ ဦးကျော်လှမောင်က “နယ်ဘက်တွေမှာ မှတ်ပုံတင်မရှိတဲ့ လူတွေလည်းရှိသေးတယ်လေ။ မရှိတဲ့လူတွေက ထောက်ခံစာတွေဘာတွေနဲ့ ကျန်းမာရေး ကိစ္စတွေအတွက် ဗြုန်းစားကြီးသွားလာဖို့က အဆင်မပြေတော့ဘူးလေ။ မှတ်ပုံတင်တစ်ခု လုပ်တာကလည်း ချက်ချင်းရတာမျိုးမဟုတ်ဘူးလေ။ အိမ်ထောင်စု စာရင်းမရှိတဲ့လူတွေလည်း ရှိသေးတယ်လေ။ အခက်အခဲတွေကတော့ ပုံသေဖြစ်လာမှာပဲ”ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး “ကျန်းမာရေးကိစ္စတွေနဲ့ အရေးတကြီးသွားလာမယ်ဆိုရင်လည်း ထောက်ခံစာတွေနဲ့ မရတော့ရင် ပိုပြီး အခက်အခဲဖြစ်သွားလိမ့်မယ်။ ကိုယ့်ပြည်နယ်အတွင်းမှာ တစ်မြို့ကတစ်မြို့ကို ဘုရားဖူးတွေ ဘာတွေသွားရင်လည်း လမ်းမှာ သူတို့အစစ်အဆေးတွေများလာရင်တော့ အချိန်ကြန့်ကြာပြီး ပြဿနာ တွေတက်လာနိုင်တယ်ပေါ့”ဟု ဆိုသည်။
နိုင်ငံသားကတ်(မှတ်ပုံတင်)အတုကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်သည်ဟုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။