- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိုးတွင်းကာလ ရခိုင်သို့လာမည့် ကုန်တင်ယာဉ်ကားများ ၁၆ တန်အထိသာ ခွင့်ပြုမည်
ရခိုင်ပြည်အတွင်း အဝေးပြေးလမ်းမအချို့ကို ပြုပြင်ရန်နှင့် လမ်းများပျက်စီးနေခြင်း၊ တံတားများ ခိုင်ခံ့မှုအားနည်းခြင်းတို့ကြောင့် မိုးရာသီကာလအတွင်း ရခိုင်ပြည်သို့ ဝင်ရောက်လာမည့် ကားများကို ယာဉ်နှင့်ကုန်ပစ္စည်းပေါင်း၍ ၁၆ တန်အထိသာ ခွင့်ပြုတော့မည်ဟု သံတွဲခရိုင် လမ်းတံတားဦးစီးဌာနမှ သိရသည်။
02 Jul 2021
DMG ၊ ဇူလိုင် ၂
ရခိုင်ပြည်အတွင်း အဝေးပြေးလမ်းမအချို့ကို ပြုပြင်ရန်နှင့် လမ်းများပျက်စီးနေခြင်း၊ တံတားများ ခိုင်ခံ့မှုအားနည်းခြင်းတို့ကြောင့် မိုးရာသီကာလအတွင်း ရခိုင်ပြည်သို့ ဝင်ရောက်လာမည့် ကားများကို ယာဉ်နှင့်ကုန်ပစ္စည်းပေါင်း၍ ၁၆ တန်အထိသာ ခွင့်ပြုတော့မည်ဟု သံတွဲခရိုင် လမ်းတံတားဦးစီးဌာနမှ သိရသည်။
(မင်းဘူး၊ အမ်း၊ စစ်တွေလမ်း)၊ (ပြည်၊ တောင်ကုတ်လမ်း)၊ (တောင်ကုတ်၊ မအီ ၊ ကျောက်ဖြူလမ်း)၊ (ငသိုင်းချောင်း၊ ဂွလမ်း) နှင့် (သံတွဲ၊ ဂွလမ်း) တို့ကို ပြုပြင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ယာဉ်နှင့်ကုန်ပစ္စည်းပေါင်း၍ ၁၆ တန်ကားများကိုသာ ခွင့်ပြုမည်ဟု သံတွဲခရိုင် လမ်းတံတားဦးစီးဌာနမှ ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။
လမ်းများပျက်စီးနေခြင်းနှင့် တံတားများမှာ ခံနိုင်ဝန်ထက် ဖြတ်သန်းသွားလာပါက လမ်းတံတားများလုံးဝပျက်စီးသွားကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားမည်ကို စိုးရိမ်သဖြင့် ယင်းကဲ့သို့ ကန့်သတ်ရလိုက်သည်ဟု အဆိုပါဌာနက ဆိုသည်။
မိုးရာသီကာလတွင် ရခိုင်ပြည်မှ လမ်းများမှာ လမ်းပေါ်ရေကျော်မှု၊ လမ်းသားပြတ်ကျမှု၊ တောင်မြေပြိုကျမှုရှိနေ၍ လမ်းများပျက်စီးမှု နှစ်စဉ်ဖြစ်ပေါ်ခြင်းတို့ကြောင့် အခြေအနေအရ ကန့်သတ်ရသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။
" မိုးတွင်းခါတိုင်း လုပ်နေကျ အလုပ်ပါ။ မိုးတွင်း ဖြစ်နေတယ်။ ကားတွေအန္တရာယ်၊ လမ်းတံတားအန္တရာယ် အတွက် ကန့်သတ်လိုက်တာဖြစ်တယ်။ ဒီနှစ်တစ်နှစ်တည်း လုပ်တာမဟုတ်ဘူး နှစ်တိုင်း လုပ်နေကျ အလုပ်ပါ" ဟု ဆိုသည်။
အဆိုပါ ကန့်သတ်မှုကြောင့် ရခိုင်ပြည်သို့ ပြည်မဘက်မှ တင်ပို့နေသည့် ကုန်ပစ္စည်းများ ပြတ်လပ်မှုရှိလာမည်ဖြစ်၍ ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက ပြောသည်။
"ကုန်ဈေးနူန်းကတော့ အားလုံးက အတက်ကိုပဲ ရောက်နေတယ်။ မိုးဦးကျ ရာသီလည်းဖြစ်တယ်။ အခုဆိုရင် ဆန် တစ်အိတ်ကို ၃၇၀၀၀ ကနေ အခုဆို ၄၀၀၀ဝ ကျော် သွားတယ်။ ကုန်ပစ္စည်းတွေကတော့ ပြည်မဖက်မှာကတည်းက ဈေးတက်နေတာ အခု ကျနော်တို့ဖက်မှာ ကုန်တင်မှုကို ကန့်သတ်လိုက်တော့ ရခိုင်ဖက်မှာ ကုန်ဈေးနှုန်းကတော့ ပိုပြီးတော့ တက်လာမယ်ပေါ့နော်" ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လကလည်း ရခိုင်ရိုးမတောင်ပေါ်တွင် မိုးရွာသွန်းမှုများ၍ လမ်းဘေးရှိမြေသားများ လမ်းမပေါ်သို့ ရောက်ရှိကာ ကားများလမ်းချော်မှုဖြစ်ပွားခဲ့ပြီး ကားအစီးရေ ရာနှင့်ချီ ရက်အနည်းငယ်ကြာ ပိတ်မိခဲ့ကြသည်။
မြောက်ဦးနှင့် ကျောက်တော်သို့ ဆက်သွယ်ထားသည့် ကိစ္စပနီဒီတံတားမှာလည်း တံပေါ်ခင်းထားသည့် ကတ္တရာလမ်း ပေါက်ပြဲနေကြောင်း၊ အပေါ်ရှိ သံဘောင်များ ပျက်စီးနေကြောင်းနှင့် တံတား ထောက်တိုင်၏ အောက်ခြေများ ပျက်စီးနေကြောင်း ကျောက်တော်ဒေသခံများက ပြောဆိုကြသည်။
အလားတူ မြောက်ဦးနှင့် မင်းပြားသို့ ဆက်သွယ်ထားသည့် မြောင်းဘွေတံတားမှာလည်း ခိုင်ခံ့မှုအလွန်အားနည်းနေကြောင်း၊ ကားနှစ်စီးသွားလာ၍မရသော အခက်အခဲရှိနေကြောင်း၊ ကွန်ကရစ်ဖြင့် အသစ်ပြုလုပ်နေသည့် တံတားမှာလည်း ၁၀ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း မြောင်းဘွေဒေသခံတစ်ဦးက ပြောသည်။