- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုပေါ် တုန့်ပြန်သွားမည်ဟု AA ပြော
လက်ရှိ ရခိုင်ပြည်နယ်အနှံ့မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နေ့စဉ်နီးပါး တိုက်ပွဲွဖြစ်ပွားနေပြီး မြန်မာ စစ်တပ်၏ လုပ်ရှားမှုအပေါ်မှာမှုတည်ကာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်။
03 Nov 2022
အောက်တိုဘာ ၃၁ ရက်နေ့က ပီစိ ရွာတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မိသားစုဝင် ၃ ဦးအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
DMG ၊ နိုဝင်ဘာ ၃
လက်ရှိ ရခိုင်ပြည်နယ်အနှံ့မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နေ့စဉ်နီးပါး တိုက်ပွဲွဖြစ်ပွားနေပြီး မြန်မာ စစ်တပ်၏ လုပ်ရှားမှုအပေါ်မှာမှုတည်ကာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာစစ်တပ်က နေ့တိုင်းနှင့်အမျှ အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာ များသို့ ပစ်ခတ်မှုများအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင်း အောက်တိုဘာ လအတွင်းက အရပ်သား ၆ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
“ မြန်မာစစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးတော့ အပြစ်မဲ့ အရပ်ပြည်သူတွေ၊ ကျွဲ၊ နွားတိရစ္ဆာန်တွေ နေ့တိုင်းဆိုသလို သေဆုံး ဒဏ်ရာရတာ တွေရှိနေတယ်။ အဲဒီလို့ ရှိနေ တဲ့အတွက် အခု စစ်ရေး အခြေအနေတွေကတော့ မြန်မာစစ်တပ်ရဲ့လုပ်ရှားမှုအပေါ် မှာမှုတည်ပြီးတော့ ကျနော်တို့ ဖက်က တုန့်ပြန်သွားဖို့ရှိနေတယ် ” ဟု AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ပီစိ(ရခိုင်)ရွာတွင် စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်(ကျောက်တော်) စကခ(၉)မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင် အိပ်နေသည့် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ပြီး နွားများလည်းသေဆုံးကာ နေအိမ်များလည်း ပျက်စီးမှု များရှိကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်က ပြည်သူများနေထိုင်ရာ ကျေးရွာနှင့် အနီးနားဝန်းကျင်ကို ပစ်မှတ်ထားကာ လက်နက်ကြီးများ ပစ်ခတ်နေခြင်းမှာ နိုင်ငံတကာ ဥပဒေကိုလည်း ချိုးဖောက်နေခြင်းဖြစ်ပြီး စစ် ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း က သုံးသပ် ပြောဆို သည်။
“ အခုက ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ပိုဖြစ်လာတယ်။ တိုက်ပွဲ ဖြစ်လာတဲ့အတွက် မြန်မာစစ်တပ် ဖက်က ULA/AA စခန်းတွေကို သိမ်းပိုက်ဖို့ဆိုတာထက် ပြည်သူတွေကို ဒုက္ခပေးပြီးတော့ ULA/AA နဲ့ ကင်းကွာ သွားအောင်၊ ULA/AA ကြောင့် ဒုက္ခရောက်တယ်ပုံစံမျိုး သဘောထားတွေပြောင်းလဲသွားအောင် ကြိုးစားဆောင် ရွက်နေတာဖြစ်တယ်။ ULA/AA နဲ့ ပြည်သူကြားမှာ ရန်တိုက်ပေးနေတာဖြစ်တယ် ” ဟု ၎င်းကဆိုသည်။
ယင်းအပြင် မြန်မာစစ်တပ်က ပြည်သူတွေကို တမင်တကာ ရည်ရွယ်ချက်ဖြင့် ဓားစာခံလုပ်ပြီး AA ကို အနိုင်ယူ ဖို့ ကြိုးစားနေခြင်းမှာ နည်းဗျုဟာအသစ်အနေနဲ့ ပြည်သူများကို ဒုက္ခရောက်အောင် ကြိုးစားလုပ်ဆောင် နေခြင်းဖြစ်ကြောင်းလည်း ဦးဖေသန်းက ဆက်ပြော သည်။
ထိုသို့ AA ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ ရခိုင်တိုက်ပွဲများပြင်းထန်လာခြင်းမှာ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုပေါ်တွင် မူတည်နေကြောင်း DMG ကို ပြောဆိုသည်။
“ ရခိုင်ပြည်နယ် စစ်ကောင်စီအပေါ်မှာ မှုတည်ပြီးတော့ AA အနေနဲ့ တိုက်ပွဲတွေရပ်တန့်သွားမှာ မဟုတ်ဘူး။ AA ဖက်ကနေပြီးတော့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူ့ဟာနဲ့သူ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျနော်ကတော့ မြင်တယ် ” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
လက်ရှိ ရခိုင်တကျော့ပြန်စစ်ပွဲများမှာ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး အဓိကအားဖြင့် နယ်စပ်ဒေသများဖြစ်သော ဘင်္ဂလားဒေ့ရှ် - မြန်မာ- အိန္ဒိယနယ်ချင်းဆက်နေသည့် နေရာများဖြစ်သော မောင်တောနှင့် ပလက်ဝဒေသ တို့အပြင် ရခိုင်တောင်ပိုင်းဒေသဖြစ်သော တောင်ကုတ်မြို့နယ်အထိ စစ်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာနေသည်ကို တွေ့ရသည်။