- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရှမ်းတောင် ဟဲဟိုးမြို့သို့ စစ်ကောင်စီအတွင်းရေးမှူး လာရောက်သဖြင့် လုံခြုံရေးတိုးမြှင့်
ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်သို့ စစ်ကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လာရောက်မည်ဖြစ်သောကြောင့် လုံခြုံရေးများ အထူးတိုးမြှင့်ထားပြီး လမ်းဘေးဈေးဆိုင်များကို ၃ ရက်တိုင် ပိတ်ခိုင်းထားသည်။
07 Feb 2022
DMG ၊ ဖေဖေါ်ဝါရီ ၇

ရှမ်းပြည်နယ်မှာ မြန်မာနိုင်ငံတဝှမ်းတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံအများဆုံးထွက်ရှိသဖြင့် စိုက်ပျိုးရေးစုံညီပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာရှိ ဟဲဟိုးဥယျာဉ်ခြံတွင် ကျင်းပမည်ဖြစ်သော အဆိုပါပွဲသို့ စစ်ကောင်စီ၏အတွင်းရေးမှူး လာရောက်မည်ဖြစ်သောကြောင့် စစ်ယူနီဖောင်းနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူများက လုံခြုံရေးကို အထူးဆောင်ရွက်လျှက်ရှိသည်။
"စစ်ကောင်စီရဲ့ အတွင်းရေးမှူးလာမယ်ဆိုတာနဲ့ အင်းခေါင်းက လမ်းဘေးဆိုင်တွေ အကုန်ပိတ်ခိုင်းတယ်။ သူတို့က ဘာမှမဟုတ်ဘဲလတွေးပူကြောက်နေတာ"ဟု ဒေသခံတစ်ဦးကပြောသည်။
ယင်းပွဲတော်ကို ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက်နေ့ထိကျင်းပမည်ဖြစ်ပြီး စစ်ကောင်စီလက်ထက်တွင် ဒုတိယအကြိမ်ကျင်းပသည့် ပွဲဖြစ်သည်။
စစ်ကောင်စီမှ ဒုတိယအကြိမ်ပြုလုပ်သည့် အဆိုပါရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော်ကို NLD အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။