- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မုန်တိုင်းကြောင့် ခရီးသည်တင်ရေယာဉ်တချို့ ရပ်နားထား
လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်းဒေသသို့ ရိုက်ခတ်လာနိုင်သောကြောင့် ပြည်နယ်တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်တချို့မှာ ရေယာဉ်ပြေးဆွဲမှုကို ယနေ့မှစတင်ကာ ရပ်နားထားသည်ဟု သိရသည်။
21 Mar 2022
DMG ၊ မတ် ၂၁
လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်းဒေသသို့ ရိုက်ခတ်လာနိုင်သောကြောင့် ပြည်နယ်တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်တချို့မှာ ရေယာဉ်ပြေးဆွဲမှုကို ယနေ့မှစတင်ကာ ရပ်နားထားသည်ဟု သိရသည်။
တောင်ကုတ်-မာန်အောင်ပြေးဆွဲနေသည့် ရေယာဉ်လိုင်းကို ယနေ့(မတ်လ ၂၁ ရက်)မှစတင်ရပ်နားလိုက်ကာ စစ်တွေ-တောင်ကုတ်ပြေးဆွဲနေသည့် ရေယာဉ်လိုင်းကိုလည်း မတ်လ(၂၂)ရက်နေ့တွင် စတင်ရပ်နားမည်ဖြစ်သည်။ ထို့ပြင် တခြားခရီးစဉ်ကိုလည်း လေပြင်းထန်လာလျှင်ရပ်နားထားမည်ဟု ရွှေပြည်တန်အမြန်ယာဉ် မန်နေဂျာ ဦးစံမော်သိန်းက DMG သို့ပြောသည်။
“ဒီနေ့တောင်ကုတ်-မာန်အောင်လိုင်းကို ရပ်နားတယ်။ မနက်ဖြန် စစ်တွေ-တောင်ကုတ်အထွက်ရှိတယ်။ အဲလိုင်းကိုလည်း ရပ်ပါမယ်။ မုန်တိုင်းပြီးလို့တစ်ရက်ကြာမှ ပြန်ထွက်မယ်။ ၂၅ ရက်နေ့လောက်ပြန်ဆွဲဖြစ်မယ်ထင်တယ်။ လေပြင်းလာရင်တော့ တခြားလိုင်းတွေအားလုံးကိုလည်းရပ်နားပါမယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရွှေပြည်တန်အမြန်ရေယာဉ်သည် စစ်တွေ-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ပေါက်တော၊ စစ်တွေ-မင်းပြား စသည့်ရေကြောင်းခရီးစဉ်များကို ပုံမှန်ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။
ထို့ပြင် စစ်တွေ-ဘူးသီးတောင်သို့ပြေးဆွဲနေသည့် အောင်တံခွန်သင်္ဘောမှာလည်း ရပ်နားထားပြီဖြစ်ကြောင်း အဆိုပါရေယာဉ်လိုင်းမှ သိရသည်။
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မတ်လ ၂၃ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းငယ်သည် နီကိုးဘားကျွန်းနှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ရွှေ့လျားပြီး နောက် (၁၂)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
အဆိုပါမုန်တိုင်းငယ်သည် ယနေ့နေ့လယ်ပိုင်းတွင် ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၃ ရက်နေ့နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို သံတွဲမြို့အနီးမှဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုး/ဇလကခန့်မှန်းထားသည်။