- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်တွင် စစ်ဘေးရှောင်တစ်ချို့ အရေပြားရောဂါဖြစ်ပွားနေ
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များအပါအဝင်လူဦးရေ ၃၅ ဦးမှာ အရေပြားရောဂါဖြစ်နေကြောင်း အဆိုပါစခန်းမှသိရသည်။
30 Jun 2022
DMG ၊ ဇွန် ၃၀
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များအပါအဝင်လူဦးရေ ၃၅ ဦးမှာ အရေပြားရောဂါဖြစ်နေကြောင်း အဆိုပါစခန်းမှသိရသည်။
အဆိုပါ အရေပြားရောဂါဖြစ်ပွားနေသူများမှာ များသောအားဖြင့် ငါးနှစ်အောက်ကလေးငယ်များဖြစ်ကြပြီး အသက် ၃၀ ကျော် လူကြီးအချို့လည်းပါဝင်ကာ ပြီးခဲ့သည့် မေလကပင် စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး သက် သာသူ အနည်းငယ်ရှိကြောင်း စခန်းတာဝန်ခံ ကိုသန်းအေးက ပြောသည်။
" ဖြစ်တာကတော့ကြာနေပြီပေါ့။ လူကြီးပိုင်းက နှစ်ယောက်၊သုံးယောက်ပဲပါတယ်။ ကျန်တာကအကုန် ကလေး တွေပဲ။ ဒီထက်ပိုပြီး ကူးစက်ပျံ့ပွားတာမျိုးတော့မရှိသေးပါဘူး။ အနာသီးတွေက အရည်ယိုတာတွေရှိ တယ်။ တချို့လူတွေမှာတော့ အနာသီး ထိပ်ဖုလေးတွေမဲနေပြီ။သက်သာစပြုလာတယ်လို့ပြောလို့ရတာပေါ့ " ဟု ၎င်းကပြောသည်။
ထိုသို့ အနာသီးများပေါက်နေမှုကြောင့် ကလေးများမှာ ခန္ဓကိုယ်ယားယံကာ နေထိုင်မရဖြစ်နေခြင်း၊ အစားအစာ မစားနိုင်ခြင်းတို့ကြောင့် မြို့ပေါ်ဆေးရုံများသို့ သွားရောက်ဆေးကုသမှုခံယူသူများလည်းရှိကြောင်း အဆိုပါ စခန်းမှ ဒေါ်မြမြအေးက ပြောသည်။
“အနာသီးတွေက ယားပြီးကိုက်ခဲလို့နေမကောင်းဖြစ်ပြီးငိုကြတယ်။ တချို့ကလေးတွေကျတော့ အပူကြောင့် လည်ပင်းတွေနာပြီး နို့တောင်မစို့နိုင်ကြဘူး။ ကျန်းမာရေးဌာနကဆေးခန်း လာထိုင်တဲ့အခါပြလို့ မသက်သာတဲ့သူ တွေကိုဆိုရင် မြို့ကိုသွားပြီးပြခိုင်းရတာတွေလဲရှိတယ် " ဟု၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်စခန်းသို့ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ သူနာပြုနှစ်ဦးက တပတ်လျှင် ၃ရက်ခန့်ပုံမှန်ဆေးခန်းလာထိုင်ပေးကာ ကုသပေးလျှက်ရှိကြောင်းလည်းသိရသည်။
" အခုဖြစ်နေတဲ့လူ ၃၅ယောက်ထဲမှာ တချို့ကလေးတစ်ယောက်၊နှစ်ယောက်လောက်က ရေကျောက်ဖြစ်နေတာ။ ကျန်တဲ့သူတွေက အပူနဲ့အအေးနဲ့မမျှတဲ့အတွက် သာမန်အရေပြားရောဂါ ယားနာလိုမျိုး အနာသီးတွေ ပေါက်နေကြတာဖြစ်တယ်။ ကျမတို့ဆေးခန်းသွားထိုင်တဲ့နေ့တွေဆိုရင်လည်း အစုလိုက်၊ အပြုံလိုက်ကြီး လာပြကြတာတော့မရှိဘူး။ တယောက်တလေလောက်ပဲ လာပြကြတာရှိတယ်။ တချို့ကတော့သက်သာနေ ကြပါပြီ" ဟု ဆေးလာကုနေသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းသည် မဟာမုနိဘုရားနှင့် နှစ်မိုင်ခန့်ဝေးသည့် ညောင်ချောင်းကျေးရွာ၌ရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်နေသည့် စစ်ဘေးရှောင်စခန်းတခုဖြစ်သည်။