- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲမြို့နယ် ပုစွန်ဖြေကျေးရွာတွင် စစ်တပ်ကဝင်ရောက်နေ၊ လူငယ် ၁၀ ဦးကို စစ်တပ်ကတောင်းသည်မှာ မဟုတ်ကြောင်းပြော
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေရွာအတွင်းတွင် စစ်တပ်ကဝင်ရောက်ပြီး နေထိုင်နေသည်မှာ ၂ ရက်မျှရှိနေပြီဖြစ်ကြောင်း ပုစွန်ဖြေကျးရွာအုပ်စုအုပ်ချုပ်ရေးမှူးကပြောသည်။
06 Sep 2021
DMG ၊ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေရွာအတွင်းတွင် စစ်တပ်ကဝင်ရောက်ပြီး နေထိုင်နေသည်မှာ ၂ ရက်မျှရှိနေပြီဖြစ်ကြောင်း ပုစွန်ဖြေကျးရွာအုပ်စုအုပ်ချုပ်ရေးမှူးကပြောသည်။
စစ်တပ်က ပုစွန်ဖြေကျေးရွာသို့ စက်တင်ဘာ ၄ ရက်နေ့က ဝင်ရောက်လာခဲ့ပြီး ကျေးရွာသားများအား စစ်တပ်ထဲသို့ဝင်ရန် လူငယ် ၁၀ ဦးခန့်တောင်းနေသည်ဟု သတင်းများထွက်ပေါ်လျက် ရှိနေသည်။
သို့သော် ကျေးရွာမှလူငယ် ၁၀ ဦးကို စစ်တပ်က အတင်းတောင်းနေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပုဇွန်ဖြေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးညီကြီး(ခ)ဦးမြင့်ခင်က ပြောသည်။
"တပ်ကတော့ရှိတယ်။ ဒါပေမဲ့ အခု Facebook မှာတင်ထားတဲ့သတင်းတွေလို လူငယ် ၁၀ ဦးတောင်းနေတယ်ဘာညာ အဲဒါတွေမရှိဘူး။ သူတို့ဘာသာသူတို့နေကြတယ်"ဟု ၎င်းကပြောသည်။
ကျေးရွာအတွင်း စစ်တပ်ကဝင်ရောက်နေမှုကြောင့် ပုစွန်ဖြေကျေးရွာသားများအပြင် အနီးပတ်ဝန်းကျင်ကျေးရွာများမှလည်း စိုးရိမ်မှုရှိနေကြပြီး ပုစွန်ဖြေကျေးရွာမှလူငယ် ၁၀ ဦးကို စစ်တပ်ထဲဝင်ရန်အတင်းတောင်းနေသည်ဆိုသည့်သတင်းထွက်ပေါ်လာမှုကြောင့် ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း ပြောဆိုသည်။
လက်ရှိပုစွန်ဖြေကျေးရွာတွင်ရောက်ရှိနေသောတပ်မှာ ဂွမြို့နယ်ဖက်မှတပ်ရင်း ၅၆၂ ဟုသိထားရပြီး ကျေးရွာဘုန်းကြီးကျောင်းနှင့်ဆေးခန်းတို့တွင် နေထိုင်လျက်ရှိကြကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ပုစွန်ဖြေကျေးရွာသားတစ်ဦးကပြောသည်။
"တပ်အင်အားကတော့ ၇၀ လောက်ရှိတယ်။ ဆေးခန်းမှာ အင်အား ၁၀ လောက်ရှိတယ်။ ဘုန်းကြီးကျောင်းမှာလဲရှိတယ်။ စစ်ဆေးတာတွေတော့မရှိဘူး။ တပ်ကဝင်လာတယ်ဆိုတော့ လူတွေကတော့ ကြောက်ကြတာပေါ့။ အခုလိုင်းမှာကလဲ သတင်းမှားတွေထပ်တင်တော့ ပိုပြီးကြောက်လာကြရတယ်"ဟု ၎င်းကျေးရွာသားကပြောသည်။
ပုဇွန်ဖြေကျေးရွာမှာ သံတွဲမြို့နှင့် မိုင် ၃၀ ကျော်ဝေးကွာပြီး ကျေးရွာအတွင်း အိမ်ခြေ ၁၆၀ ကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်တပ်က ပုစွန်ဖြေကျေးရွာတွင်ဝင်ရောက်နေသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုမသိရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကပြောဆိုသည်။
သံတွဲမြို့နယ်အတွင်းမှ မဒေးတောင်ကျေးရွာတွင်လည်း စစ်တပ်က ဝင်ရောက်နေထိုင်မှုရှိကြောင်း ဒေသခံများကပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းမှ သံတွဲမြို့နယ်အပြင် အခြားမြို့နယ်များတွင်လည်း မြန်မာစစ်တပ်က အင်အားဖြည့်တင်းနေမှုများ ရှိနေခြင်းကြောင့် တကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများကပြောဆိုကြသော်လည်း စစ်တပ်က ယင်းသို့ အင်အားဖြည့်ခြင်းများမရှိကြောင်း ငြင်းဆိုထားသည်။