လေယာဉ်ဖြင့် လက်နက်ချပါက ကျပ်သိန်းတစ်သောင်း ချီးမြှင့်မည်ဟု MNDAA ပြော  

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် MNDAA ရှေ့တန်းတပ်ဖွဲ့သို့ လာရောက်လက်နက်ချနေကြပြီး ၎င်းတို့အတွက် လူသားချင်းစာနာမှု ဆက်ဆံရေးများပေးပြီး အသက်အာမခံချက် အပြည့်အဝပေးမည်ဟု ဆိုသည်။

By Admin 17 Jul 2024

ဓာတ်ပုံ - The Kokang
ဓာတ်ပုံ - The Kokang

DMG ၊ ဇူလိုင် ၁၇

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် လက်နက်ချလာလျှင် ငွေကျပ် သိန်းတစ်သောင်း ဆုချီးမြှင့်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ကြေညာလိုက်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် MNDAA ရှေ့တန်းတပ်ဖွဲ့သို့ လာရောက်လက်နက်ချနေကြပြီး ၎င်းတို့အတွက် လူသားချင်းစာနာမှု ဆက်ဆံရေးများပေးပြီး အသက်အာမခံချက် အပြည့်အဝပေးမည်ဟု ဆိုသည်။

အလားတူ သံချပ်ကာ၊ တင့်ကားနှင့် အကြီးစား စစ်လက်နက်ပစ္စည်းများနှင့်ဆိုလျှင် ငွေကျပ် သိန်းတစ်ထောင်၊ ၁၀၀ မမနှင့်အထက် အမြောက်များဆိုလျှင် ငွေကျပ် သိန်းတစ်ရာ ချီးမြှင့်မည်ဟု MNDAA က ကြေညာထားသည်။ 

စစ်သည်များအလင်းဝင်က ငွေကျပ် ၁၀ သိန်း၊ လက်နက်နှင့်ဆိုလျှင် ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့် အလင်းဝင်ပါက  လက်နက်မပါ ကျပ်သိန်း ၂၀၊ လက်နက်ဖြင့် ၂၅ သိန်း၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီးဆိုလျှင် လက်နက်မပါ ကျပ်သိန်း ၃၀၊ လက်နက်ဖြင့် ၃၅ သိန်း သတ်မှတ်ထားကြောင်း MNDAA က ဆိုသည်။ 

ယင်းအပြင် စစ်ကောင်စီတပ်အတွင်း ကျန်ရှိနေသူများကို အလင်းဝင်ရန် ဆွဲဆောင်စည်းရုံးနိုင်သူများကိုလည်း ဆုငွေထပ်ဆောင်း ချီးမြှင့်ပေးမည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် MNDAA နှင့် ပူးပေါင်းအဖွဲ့များသည် လက်ရှိတွင် ရှမ်းပြည်လားရှိုးမြို့ကို ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်။

ဗီဒီယိုများ