- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇွန်လအတွင်း ပို့ကုန် ၂ ဒဿမ ၉၀ သန်းဖိုး တင်သွင်းနိုင်ခဲ့
ပြီးခဲ့သည့်ဇွန်လအတွင်းက ရခိုင်ပြည်ရှိ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်တင်သွင်းမှုနှုန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉၀ သန်းဖိုးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
21 Jul 2022
DMG ၊ ဇူလိုင် ၂၁
ပြီးခဲ့သည့်ဇွန်လအတွင်းက ရခိုင်ပြည်ရှိ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်တင်သွင်းမှုနှုန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉၀ သန်းဖိုးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
စစ်တွေနယ်စပ်ကုန်ကုန်သွယ်ရေးစခန်း(ရွှေမင်းဂံ)နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း(ကညင်ချောင်း)တို့မှ ပို့ကုန်တင်သွင်းမှုမှာ အဆိုပါပမာဏရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၆၉၆၀ သာရှိကြောင်း သိရသည်။
တစ်ဖက်နိုင်ငံမှတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ ယခင်ကပင်နည်းပါးပြီး ကုန်ပစ္စည်းများကိုလည်း ပြည်တွင်းမှလူများက မကြိုက်နှစ်သက်ခြင်းကြောင့် လျှော့နည်းခြင်းဟု စစ်တွေနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှ အတွင်းရေးမှူး ကိုအောင်အောင်က DMG ကိုပြောသည်။
“သွင်းကုန်က အရင်ကတည်းကနည်းတယ်။ မရှိသလောက်ပဲ။ ဟိုဖက်နိုင်ငံကပစ္စည်းတွေကို ဒီကလူတွေက ကြိုက်တာသိပ်မရှိဘူး။ ရေအိုးခွက်လေးတွေ၊ တီရှပ်တွေနဲ့ တခြားပစ္စည်းလေးတွေ တစ်ခါတစ်လေလာတယ်။ အဲလောက်ပါပဲ။ ရခိုင်ပြည်နဲ့ ဈေးကိုက်တဲ့ပစ္စည်းတွေ သိပ်မရှိပါဘူး“ဟု သူကဆိုသည်။
ထိုကဲ့သို့ သွင်းကုန်ပစ္စည်းများနည်းပါးနေရခြင်း အကြောင်းရင်းမှာ ဘင်္ဂလားဒေ့ရှ်မှကုန်သည်များအတွက် ဈေးနှုန်းများမကိုက်ခြင်းကြောင့်ဖြစ်သည်ဟု ကိုအောင်အောင်က ဆက်လက်ပြောဆိုသည်။
“တစ်ဖက်နိုင်ငံမှာလည်း ပစ္စည်းထုတ်တာက စစ်တကောင်းမှာ။ စစ်တကောင်းကပစ္စည်းကို နယ်စပ်ကိုပို့၊ နယ်စပ်ကတစ်ဆင့် ရခိုင်ကိုပို့လာရတဲ့အခါမှာ ဈေးမကိုက်ကြဘူးလေ။ ဘိလပ်မြေတွေဆိုရင်လည်း မြန်မာစက်ရုံဘက်ကထွက်တဲ့ဟာတွေနဲ့ နိုင်ငံခြားကတင်သွင်းလာတဲ့ ပစ္စည်းတွေနဲ့ယှဉ်ရင် ဈေးကွက်မယှဉ်နိုင်ကြဘူး။ ဟိုဘက်ကပစ္စည်းတွေက ဒီဘက်ကိုသွင်းလာလို့ ရောင်းလို့စွံတဲ့ ဈေးကွက်မရှိဘူးဖြစ်နေတယ်“ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးသည် ရခိုင်ပြည်သို့ရောက်ရှိလာကာ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံခဲ့ပြီး တိုက်ရိုက်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့နေမှုထက် သာလွန်သော ကုန်သွယ်မှုလမ်းကြောင်းအသစ် ချဲ့ထွင်ရန် စီစဉ်ထားရှိမှုများအား ဘင်္ဂလားဒေ့ရှ်ဘက်ကတင်ပြခဲ့ပြီး တိုက်ရိုက်ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် အိန္ဒိယအစိုးရမှ ဆောက်လုပ်ထားသော စစ်တွေမြို့ရှိ ဆိပ်ခံတံတားသစ်အား သွားရောက်ကြည့်ရှုခဲ့ကြသည်။