- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် လယ်သမားများ ၃ နှစ်ကြာသည့် တိုင်လယ်ယာ မလုပ်နိုင်သေး
ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ စစ်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်မှ စစ်ဘေးရှောင်လယ်သမားများမှာ ၃ နှစ်ကြာသည့်တိုင် လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်သေးသည့်အတွက် အဘက်ဘက်မှ နစ်နာမှုများရှိနေသည်ဟု စစ်ဘေးရှောင်လယ်သမားများက ပြောဆိုကြသည်။
03 Jul 2022
DMG ၊R010
ဇူလိုင် ၃ ၊စစ်တွေ
ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ စစ်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်မှ စစ်ဘေးရှောင်လယ်သမားများမှာ ၃ နှစ်ကြာသည့်တိုင် လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်သေးသည့်အတွက် အဘက်ဘက်မှ နစ်နာမှုများရှိနေသည်ဟု စစ်ဘေးရှောင်လယ်သမားများက ပြောဆိုကြသည်။
အဆိုပါလယ်သမားများမှာ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သည့် ရခိုင်ပြည်မြောက်ပိုင်းမှ ရသေ့တောင်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့်မြို့နယ်တို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်လယ်သမားများဖြစ်ကြောင်း သိရသည်။
ယင်းထဲတွင် ရသေ့တောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေရသည့် လယ်သမားအများစုမှာလည်း မိမိနေရပ်မပြန်နိုင်သည့်အတွက် လယ်ယာမြေလုပ်သန်းကို လုံးဝမစိုက်ပျိုးနိုင်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအသင်းထံမှ သိရသည်။
ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်မှတပ်စွဲနေထိုင်နေခြင်း၊ စစ်ရေးကာလအတွင်း ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်မဆောက်လုပ်နိုင်ခြင်း၊ မိမိနေရပ်သို့မပြန်နိုင်ခြင်း၊ မှိုင်းရှင်းလင်းမှုမရှိသည့်အတွက် အသက်အန္တရာယ်လုံခြုံမှုမရှိခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းကို လက်ရှိအချိန်ထိ မလုပ်ကိုင်နိုင်ခြင်းကြောင်း သိရသည်။
စစ်ရေးပြင်းထန်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစ၍ လက်ရှိအချိန်ထိလယ်ယာလုပ်ငန်းမလုပ်နိုင်ခြင်းဖြစ်ပြီး ၃ နှစ်ကြာ လယ်ယာနှင့်ဝေးကွာနေသည့်အတွက် စီးပွားရေး၊ သားသမီးပညာရေး စသည့်အဘက်ဘက်မှ နစ်နာမှုများရှိနေသည်ဟု ဂူတာပြင်စစ်ဘေးရှောင် စခန်းတွင်နေထိုင်နေသည့် ထီးစွဲကျေးရွာမှ ဦးကျော်သိန်းက ဆိုသည်။
“ကျေးရွာထဲမှာ မြန်မာစစ်တပ်ကရှိနေတော့ ကျနော်တို့ရွာထဲကိုမသွားရဲဘူး။ ရွာထဲမှာ နေအိမ်တွေ မရှိတော့ဘူး။ ထွက်ပြေးလာတဲ့အချိန်ကတည်းက တစ်ရွာလုံးက မသွားရဲကြဘူ။ ရွာမှာ ကျန်ခဲ့တဲ့ လယ်၊ ကျွဲ၊ နွား၊ စပါးတွေကိုလည်း လှည့်မကြည့်နိုင်ခဲ့ဘူး။ လယ်မလုပ်နိုင်တာကတော့ ၃ နှစ်ရှိပါပြီ။ စစ်ဘေးရှောင်စခန်းမှာပဲ ဖြစ်သလို နေနေရပါတယ် ” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်လယ်သမားတချို့မှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ပြီး ကျေးရွာကိုနေ့ချင်းပြန်သွား ရောက်လုပ်ကိုင်နေသူများရှိသော်လည်း ပိုင်ဆိုင်သည့် လယ်ယာမြေထဲမှ အနည်းငယ်သာ ထွက်ယက်စိုက်ပျိုးနေခြင်း ဖြစ်ကြောင်းသိရသည်။
ကုန်ဈေးနှုန်းမြင့်မားသည့်အတွက် လယ်ယာမြေများကို တိုးချဲ့မလုပ်နိုင်သူများလည်းရှိသည်ဟု ရသေ့တောင် ဓမ္မာရုံစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ကျောက်တန်းကျေးရွာမှ လယ်သမား ဦးသန်းမောင်ကလည်း ပြောဆိုထားသည်။
“ ကိုယ့်စားဖို့လောက်ငှအောင်ဆိုပြီး တပိုင်တနိုင်သွားပြီးတော့လုပ်နေတာရှိတယ်။ ကျေးရွာကို ရက်ချင်းပြန်သွားပြီးတော့ လုပ်တာပေါ့။ ရွာမှာအကြာကြီးနေပြီး လယ်ထွန်ဖို့လည်း အဆင်မပြေဘူး။ ရှိတဲ့လယ်ယာမြေတွေကို လုပ်ဖို့အတွက် ကျွဲ၊ နွားတွေလည်း မရှိတော့ဘူး။ စက်ငှားပြီး နိုင်သလောက်လုပ်နေတာပါ။ စစ်ဘေးရှောင်စခန်းမှာ နေရတာလည်းအဆင်မပြေဘဲ ဖြစ်သလိုနေနေရတယ်။ ကိုယ့်ရွာကိုသွားပြီး အလုပ်လုပ်လို့လည်းမရတော့ ကျနော်တို့မှာ ဆုံးရှုံးနစ်နာတာတွေ အများကြီးရှိပါတယ် ” ဟု ၎င်းက ဆိုသည်။
မိမိကျေးရွာ၌ အခြေချနေထိုင်ကာ လယ်ယာလုပ်ငန်းကိုလုပ်ကိုင်သည့် လယ်သမားများရှိသကဲ့သို့ ယင်းကဲ့သို့ လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရန် နေရပ်ပြန်နိုင်ရေးအတွက် အစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ကျောက်တော်မြို့ သိမ်တောင်စစ်ဘေးရှောင်စခန်းတွင်နေထိုင်နေသည့် တင်းမကျေးရွာမှ ဦးမောင်ထွန်းညွှန့်က ဆိုသည်။
“စစ်ဘေးရှောင်စခန်းမှာ နေရတာလည်းစားဝတ်နေရေး၊ ကြပ်ကြပ်တည်းတည်းနဲ့နေနေရတယ်။ မဝရေစာ စားနေရသလိုပါပဲ။ ကိုယ့်အိမ်ကိုလည်းဘယ်အချိန်ပြန်ခွင့်ရမှာလည်းမသိဘူး။ ရွာမှာကျန်ခဲ့တဲ့ လယ်တွေကိုလည်း ပြန်လုပ်ခွင့်ရချင်ပါတယ်။ လယ်တွေမလုပ်ရတော့ သားသမီးတွေကိုတောင် ပညာသင်ခွင့် ပြည့်ပြည့်ဝဝမပေးနိုင်ဘူး။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအကုန်လုံးဆုံးရှုံးရပါတယ်။ အမြန်ဆုံးနေရပ်ပြန်ချင်ပါတယ် ” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်လယ်သမားများမှာ လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ခွင့်မရခြင်း၊ ကုန်ဈေးနှုန်းကြောင့် လယ်ယာတိုး ချဲ့မလုပ်နိုင်သည့်အတွက် ရခိုင်တွင် စိုက်ပျိုးရေးနှင့် ဆန်၊စပါး ဈေးကွက်ကျဆင်းလာနေသည်ဟု ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်ဇံက ဆိုသည်။
“စိုက်ပျိုးရေးလုပ်ငန်း၊ ဆန်၊ စပါးဈေးကွက် ပြန်လည်ကောင်းမွန်ဖို့အတွက် အစိုးရကူညီဆောင်ရွက်ပေးဖို့ဆိုတာကို ကျနော်တို့ မယုံကြည်ဘူး။ တခြားပြည်မဘက်တွေမှာ အစိုးရက တောင်သူတွေကို အဘက်ဘက်က ကူညီပေးတာတွေရှိတယ်။ ဒီရခိုင်မှာ အစိုးရက လယ်သမားတွေကို ကူညီပေးတာဟာ မရှိသလောက်နည်းတယ်။ ဒါကြောင့် လယ်ယာလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ဆိုတာဟာ နည်းတယ်ပေါ့ ” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးရေးဧက ၁၂ သိန်းခွဲကျော်ရှိပြီး လယ်ဧက ရှစ်သိန်းခန့်သာ စပါးစိုက်ပျိုးနိုင်ပြီး ယခုနှစ်တွင် ၂၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားနိုင်သည်ဟုလည်း သိရသည်။