- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ချင်းပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်အများစု တတိယနိုင်ငံထွက်ခွာရန် ကြိုးစားနေသည်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံများဖြစ်နေ
ချင်းပြည်နယ်အတွင်း မြန်မာစစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်အများစုမှာ တတိယနိုင်ငံသို့ ခိုလုံရန် ကြိုးပမ်းနေပြီး အမေရိကန်နှင့် ဥရောပရှိနိုင်ငံများသို့ သွားရောက်နေထိုင်ရန်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
09 Dec 2021
DMG ၊ ဒီဇင်ဘာ ၉
ချင်းပြည်နယ်အတွင်း မြန်မာစစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်အများစုမှာ တတိယနိုင်ငံသို့ ခိုလုံရန် ကြိုးပမ်းနေပြီး အမေရိကန်နှင့် ဥရောပရှိနိုင်ငံများသို့ သွားရောက်နေထိုင်ရန်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့် မိမိနေအိမ်မှာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကိုခံရကာ ပျက်စီးခဲ့ရသည့်အတွက် နေအိမ်သို့ပြန်ရန် စိတ်ပျက်လက်ပျက်ဖြစ်နေရပြီး တတိယနိုင်ငံများထံ ခိုလုံခွင့်တောင်းခံရန် ကြိုးစားနေကြောင်း ထန်တလန်မြို့နယ်ဒေသခံတစ်ဦးက DMG ကို ပြောသည်။
"အိမ်တွေကို သူတို့ (စစ်ကောင်စီတပ်) တွေက မီးရှို့တာလဲကုန်ပြီ။ တိုက်ပွဲတွေဖြစ်နေတော့ ပြန်မရတော့ဘူး။ အဲတော့နေမရတော့ဘူး။ အဲတော့ တတိယနိုင်ငံပေါ့။ အမေရိကန်မှာတော့ ဆွေမျိုးတွေရှိနေတယ်ပေါ့။ အဲ့ကိုသွားခွင့်ရဖို့ကြိုးစားနေပါတယ်" ဟု အဆိုပါဒေသခံက ပြောသည်။
လက်ရှိ အခြေအနေသည် နိုင်ငံရေးစစ်ရေး အခြေအနေအရပ်ရပ်ကြောင့် ချင်းပြည်နယ်မှ တတိယနိုင်ငံသို့ ထွက်ခွာခြင်းမပြုကြုရန်နှင့် ချင်းပြည်သူတရပ်လုံး၏ စည်းလုံးညီညွတ်မှုကို အမြင့်ဆုံးရေချိန် မြှင့်တင်လျက် အမိ Chin Land မှ တဖဝါးမှ မခွာဘဲ ချင်းအမျိုးသားလုံခြုံရေး၊ Chin Land ကာကွယ်ရေးနှင့် အမျိုးသားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အကြမ်းဖက် စစ်ကောင်စီအား တော်လှန်နေသည့် နိုင်ငံရေးအကျပ်အတည်း အမျိုးသားအရေးပေါ်ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ထုတ်ပြန်ထားသည်။
ထို့အပြင် မိမိမွေးရပ်ဌာနေကိုစွန့်ခွာပြီး တတိယနိုင်ငံများသို့ ထွက်ခွာခြင်းမပြုဖို့ လှုံဆော်ရခြင်းမှာ တော်လှန်ရေးအရှိန်ကျဆင်းမှာကို မလိုလားခြင်းကြောင့် ယခုလိုတိုက်တွန်းရခြင်း ဖြစ်နိုင်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
"အဓိက ချင်းပြည်နယ်အတွင်းက ဒေသခံတွေ ကိုယ့်အိမ်ကိုယ့်ရာကိုစွန့်ပြီး ထွက်ပြေးရတယ်။ အဲလိုလုပ်တော့ စစ်ကောင်စီတပ်တွေက အိမ်တွေလိုက်မွှေ မီးရှို့တာတွေပြုလုပ်ကုန်ကြတယ်။ အခုလို လူမရှိသူမရှိအချိန်မှာ လုပ်ချင်တာလုပ်ခွင့်ပေးသလို ဖြစ်သွားမှာ စိုးတာရယ်။ တော်လှန်ရေး အရှိန်က အရင်ထက်ပိုမြင့်လာပြီပေါ့။ အခုလို ထွက်ခွာသွားမယ်ဆိုရင် တော်လှန်ရေးအပေါ် အနည်းအများပေါ့ ထိခိုက်သွားမှာ မလိုလားလို့ အခုလိုတိုက်တွန်းတာဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ်တွင် ၂၀၁၄ သန်းခေါင် စာရင်းအရ လူဦးရေ ၄ သိန်း ၆ သောင်းကျော်ရှိပြီး လက်ရှိ တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူဦးရေ ၁ သိန်းခွဲကျော် စစ်ဘေးဒဏ်ခံစားနေရကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နီးစပ်ရာတောတောင်ဒေသများတွင် ခိုလုံနေကြရကြောင်း ထိုစစ်ဘေးရှောင်ဒေသခံများမှ လူဦး ၇၅၀၀၀ ကျော်ခန့် ဝ.၁၅ ရာခိုင်နှုန်းခန့်မှာ တတိယနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပနိုင်ငံများသို့ သွားရောက်ခိုလုံရန် ကြိုစားမှုများရှိနေကြောင်း ချင်းပြည်နယ်လူ့အခွင့်ရေးလှုပ်ရှားသူများက ဆိုထားသည်။