- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် စိုက်/ဘဏ်ချေးငွေဆပ်သူနည်း၍ ယခုနှစ်တွင် ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးနိုင်
ရခိုင်ပြည်တွင် စိုက်/ဘဏ်ချေးငွေပြန်ဆပ်သူနည်းပါးသည့်အတွက် ယခုနှစ်ချေးငွေထုတ်ချေးရာတွင် ယခင်နှစ်ထက်လျော့နည်းသွားကာ ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။
19 May 2022
DMG ၊ မေ ၁၉
ရခိုင်ပြည်တွင် စိုက်/ဘဏ်ချေးငွေပြန်ဆပ်သူနည်းပါးသည့်အတွက် ယခုနှစ်ချေးငွေထုတ်ချေးရာတွင် ယခင်နှစ်ထက်လျော့နည်းသွားကာ ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးရေးချေးငွေစုစုပေါင်း ငွေကျပ်သန်းနှစ်သောင်း ထုတ်ချေးနိုင်ခဲ့သည်။ ယခုနှစ်တွင် ချေးငွေပြန်ဆပ်သူနည်းပါးသည့်အတွက် ကနဦးအနေဖြင့် ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးရန်လျာထားသည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးဘကျော်စိန်ကပြောသည်။
"စိုက်ပျိုးရေးချေးငွေထုတ်ချေးတဲ့အခါ ပြီးခဲ့တဲ့နှစ်တွေကအကြွေးကို ပြန်မဆပ်ရသေးတဲ့သူတွေကို ထုတ်မချေးပါဘူး။ အကြွေးဆပ်ပြီးသားသူတွေကိုပဲပြန်ချေးပေးတာပါ”ဟု ၎င်းကဆိုသည်။
ရခိုင်တွင် ယခင်တိုက်ပွဲကာလက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် စသည့်မြို့နယ်များမှ လယ်သမားများမှာ တစ်နှစ်ထက်တစ်နှစ် ချေးငွေပြန်ဆပ်သူနည်းပါးခဲ့သည်ဟု သိရသည်။
စိုက်ပျိုးရေးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစ၍ သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲမှ ထုတ်ချေးပေးနေပြီဖြစ်သည်။
ထိုသို့ထုတ်ချေးရာတွင် ၂၀၂၁ ခုနှစ်က စိုက်/ဘဏ်ချေးငွေများကိုပြန်ဆပ်ပြီးသည့် လယ်သမားများကို ဦးစွာထုတ်ချေးပေးနေပြီး ချေးငွေထုတ်ချေးနေစဉ်ကာလအတွင်း လာရောက်ဆပ်သည့် လယ်သမားများကိုလည်း ချေးငွေပေးဆပ်မှုကိုလက်ခံကာ ပြန်လည်ထုတ်ချေးပေးသွားမည်ဟု စိုက်/ဘဏ်မှသိရသည်။
ရသေ့တောင်မြို့နယ်မှ လယ်သမား ဦးဘကျော်စိန်က “စိုက်ပျိုးရေးချေးငွေကို အခုချိန်ထိပြန်မဆပ်နိုင်သေးဘူး။ ပြန်မဆပ်တဲ့သူတွေအနေနဲ့ ချေးငွေပြန်မရဘူးဆိုတော့လည်း ဒီနှစ်လယ်စိုက်ပျိုးဖို့ ကျနော်တို့မှာ ပိုပြီးတော့ခက်ခဲသွားမှာပါ“ဟု ဆိုသည်။
လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် လယ်ဆယ်ဧကအောက်ကို ချေးငွေထုတ်ချေးပေးပြီး ချေးငွေပြန်ဆပ်သည့်အခါ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်း(ငွေတစ်သိန်းကိုတစ်လလျှင် ၅ ကျပ်)ဖြင့် ထုတ်ချေးပေးနေခြင်းဖြစ်သည်။
အခက်အခဲများကြောင့် ချေးငွေပြန်မဆပ်နိုင်သေးသည့် လယ်သမားများကို အရေးယူဆောင်ရွက်သွားမည်မဟုတ်ကြောင်းလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။
ရခိုင်တွင် ၂၀၂၀ ခုနှစ်က စိုက်ပျိုးရေးချေးငွေယူသူ ၈ သောင်းကျော်ရှိပြီး ပြန်ဆပ်သူ ၃ သောင်းကျော် (၃၉)ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးချေးငွေယူသူ ၃ သောင်းကျော်ရှိပြီး ပြန်ဆပ်သူ ၁၀၀၀ ကျော် (၇)ရာခိုင်နှုန်းခန့်သာရှိကြောင်းလည်း စိုက်/ဘဏ်မှသိရသည်။