- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘူးသီးတောင်မြို့နယ်တွင် အာရဗီကျောင်းဆောင် မီးလောင်မှုဖြစ်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာရှိ အာရဗီကျောင်းဆောင်မှာ နိုဝင်ဘာလ ၁၃ ရက် နံနက် ၄ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မောင်တောခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
13 Nov 2021
DMG ၊ နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာရှိ အာရဗီကျောင်းဆောင်မှာ နိုဝင်ဘာလ ၁၃ ရက် နံနက် ၄ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မောင်တောခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
“အာရဗီကျောင်းအပေါ်ထပ်မှာ မီးလောင်ခဲ့တာပါ။ ဘာကြောင့် မီးလောင်မှုဖြစ်တယ်ဆိုတာတော့ လတ်တလောမသိရသေးဘူး”ဟု မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာဘီဇူရာမန်က DMG သို့ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် ခန့်မှန်းခြေတန်ဖိုး ကျပ် ၉ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကဆိုသည်။
မီးလောင်မှုဖြစ်ပွားစဉ် ကျေးရွာနေသူများက မီးဝိုင်းငြိမ်းသတ်ခဲ့သောကြောင့် နံနက် ၅ နာရီခန့်တွင်မီးငြိမ်းခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
မီးလောင်ရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မောင်တောခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇင်ကပြောသည်။
ဘူးသီးတောင်မြို့နယ်၊ မိကျောင်းဈေးကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာတွင်လည်း နိုဝင်ဘာလ ၇ ရက်နေ့က အ.လ.က(ခွဲ) စာသင်ကျောင်းတစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လအတွင်း မီးလောင်မှုစုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။