- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်တွင် မီးကြိုးလိုင်းဆင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပုဏ္ဏားကျေးရွာအနီးတွင် မီးကြိုးလိုင်းများကိုပြင်ဆင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးမှာ ယနေ့(မတ်လ ၂၆ ရက်)နံနက်ပိုင်းက အမြင့်ပေ ၃၀ ခန့်မှပြုတ်ကျကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။
26 Mar 2022
DMG ၊ မတ်လ ၂၆
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပုဏ္ဏားကျေးရွာအနီးတွင် မီးကြိုးလိုင်းများကိုပြင်ဆင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးမှာ ယနေ့(မတ်လ ၂၆ ရက်)နံနက်ပိုင်းက အမြင့်ပေ ၃၀ ခန့်မှပြုတ်ကျကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။
“ဓာတ်လိုက်တာတော့မဟုတ်ဘူး။ သူ့အနေနဲ့ သွေးအားနည်းတာဖြစ်ဖြစ်၊ တစ်ခုခုတော့ရှိမယ်ထင်တယ်။ ရေအရင်းမြစ်ဌာနက ပုဏ္ဏားကျွန်းဖက်သွားတဲ့ မြရေစင်ကြိုးလိုင်းပြုပြင်စဉ် ပြုတ်ကျသေဆုံးသွားတာပါ”ဟု ကျောက်တော်မြို့နယ်မီးမှူး ဦးမောင်သိန်းဦးက DMG သို့ပြောသည်။
သေဆုံးသွားသူမှာ မင်းပြားမြို့နယ် လျှပ်စစ်ဌာနတွင် တာဝန်ထမ်းဆောင်နေသူ ကိုစိုးစိုးကျော်ဖြစ်ပြီး မိသားစုတို့နေထိုင်ရာ ကျောက်တော်သို့ အလည်လာစဉ် ပုဏ္ဏားကျေးရွာအနီးက မြရေစင်ဟုအမည်ပေးထားသည့် လျှပ်စစ်ဓာတ်အားလိုင်းမီးကြိုးများကို ပြင်ရာတွင် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။