- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထားဝယ် - ကော့သောင်း လမ်းတွင် စစ်ဆေးမှု တင်းကျပ်နေ
တနင်္သာရီတိုင်း တနင်္သရီမြို့မှ ကော့သောင်း အဆင်းလမ်းနှင့် ထားဝယ်မြို့တို့တွင် ဇွန် ၁၆ နေ့မှ စတင်ကာ ယခုအချိန်ထိ စစ်ကောင်စီ တပ်သားများက စစ်ဆေးရေး တင်းကြပ်စွာ လုပ်ဆောင်နေ ကြောင်း ဒေသခံများ ထံမှသိရသည်။
18 Jun 2022
DMG ၊ ဇွန် ၁၈
တနင်္သာရီတိုင်း တနင်္သရီမြို့မှ ကော့သောင်း အဆင်းလမ်းနှင့် ထားဝယ်မြို့တို့တွင် ဇွန် ၁၆ နေ့မှ စတင်ကာ ယခုအချိန်ထိ စစ်ကောင်စီ တပ်သားများက စစ်ဆေးရေး တင်းကြပ်စွာ လုပ်ဆောင်နေ ကြောင်း ဒေသခံများ ထံမှသိရသည်။
တနင်္သာရီမြို့မှ ကော့သောင်းမြို့သို့သွားလာရာ ကားလမ်းမ အနီး သိန်ခွန်း ကျေးရွာအုပ်စု၊ ချောင်းလမုရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် စစ်ကောင်စီတပ်သားများသည့် ဇွန်လ ၁၆ ရက်နေ့က စတင်ကာ လမ်းသွား လမ်းလာများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ချောင်းလမုကျေးရွာဒေသခံတစ်ဦးက ပြောသည်။
“ဘာဖြစ်လို့ စစ်နေမှန်းကို မသိဘူး။ အုပ်ချုပ်ရေးမှူးရုံး အရှေ့မှာ အင်အားအများကြီးနဲ့ စစ်နေတာ။ မှတ်ပုံတင်တွေ ပိုပြီးစစ်တာတွေ့ခဲ့ရတယ် ” ဟု ကျေးရွာသား တစ်ဦးက ဆိုသည်။
လက်ရှိ ချောင်းလမုကျေးရွာတွင် စစ်ကောင်စီတပ်အင်အား (၃၀) ခန့် ဝင်ရောက်တပ်စွဲကာ ဒေသခံ လမ်းသွားလမ်းလာများကို မှတ်ပုံတင်များကြည့်ကာ အသွားအလာများကို မေးမြန်းခြင်းများရှိသည့်အတွက် ခရီးသွား ဒေသခံများမှာ စိတ်အနှောက်ယှက်ဖြစ်နေရကြောင်း သိရသည်။
ထို့အပြင် ထားဝယ်မြို့၌လည်း လုံခြံရေးအရဟုဆိုကာ နေ့ရော ညပိုင်းပါ ဧည့်စာရင်း စစ်ဆေးမှုများရှိနေပြီး ယခုရက် ပိုင်းအတွင်း ယင်းဖြစ်စဉ်များ ပိုမိုများလာ ကြောင်း ထားဝယ်မြို့တို့က ဆိုသည်။
“ဧည့်စာရင်း ပိုစစ်လာတယ်။ ညပိုင်း ၁၀ နာရီလောက်ဆိုလာ စစ်နေတယ်။ တခါတလေနေ့ခင်းပါ လာစစ်တာရှိတယ်။ လုံခြုံရေးအရလို့ပြောတာပဲ။ ဧည့်စာရင်း မတိုင်တဲ့သူတွေဆိုရင်ဖမ်း ခေါ်သွားတာ ရှိတယ်။ နောက်မှ ပြန်လိုက်ထုတ်ရတယ် ” ဟု အမည်ဖော်လိုသည့် ထားဝယ်မြို့ခံ တဦးက ပြောဆိုသည်။
ထိုသို့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ဟုဆိုကာ စစ်ကောင်စီဘက်က ရှာဖွေစစ်ဆေးမှုများ ပြား နေသော်လည်း ထားဝယ်မြို့အတွင်း၌ လုယက်မှုများ၊ ခိုးမှုများမှာ ကျဆင်းသွား ခြင်းမရှိဘဲ ပိုမိုဆိုး ဝါးလာနေကြောင်းလည်း မြို့ခံများက ပြောဆိုနေကြသည်။
“ရှာဖွေ စစ်ဆေးတယ်ဆိုပြီး အိမ်ထဲဝင်မွှေရှာတာတို့ ၊ ဧည့်စာရင်းတိုင်မတိုင် မေးတာတို့ လုပ်ပေးနေလည်း ခိုးမှုတွေ၊ လက်နက်ပြ လုယက်တာတွေက မကျဆင်းသွားဘူး။ အရင်ထက်ပိုဆိုးသွား တာပဲရှိတယ်။ လုံခြုံမှုက အရင်က ထက်ပိုဆိုးရွာသွားပြီ ” ဟု ထားဝယ်မြို့ခံတစ်ဦးက ဆိုသည်။
ထိုသို့ ထားဝယ် -တနင်္သာရီ- ကော့သောင်း ကားလမ်းမတလျှောက်စစ်ကောင်စီတပ်မှ အင်အားအများ အပြားဖြင့် ဒေသအတွင်း မသင်္ကာသူများကို ရှာဖွေစစ်ဆေးမှုများနှင့် ထားဝယ်မြို့တွင်း၌ ဧည့်စာရင်း စစ်ဆေးမှုများကို ပိုမိုတင်းကြပ်ထားမှုကြောင့် သွားလာရာတွင်အခက်အခဲဖြစ်ပေါ်နေရကာ စိုးရိမ်ကြောက်ရွံ့မှုများလည်း ကြုံတွေ့နေရကြောင်း ဒေသခံများ ထံမှသိရသည်။
တနင်္သာရီတိုင်းသည့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်များအကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ဒေသတခုလည်းဖြစ်သည်။