- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တောင်းမြို့ ခဝါချောင်းတံတား မိုင်းခွဲခံရမှုကြောင့် ဒေသခံများသွားလာရေးခက်ခဲနေ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြို့ရှိ ခဝါချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် သွားလာရေးခက်ခဲမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။
28 Mar 2022
DMG ၊ မတ် ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြို့ရှိ ခဝါချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် သွားလာရေးခက်ခဲမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။
စစ်တောင်းမြို့နှင့် ကျိုက်ထိုမြို့သို့သွားလာရန်အတွက် ကျေးရွာသားများမှ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော အဆိုပါတံတားမှာ ပြီးခဲ့သည်အပတ်ကမိုင်းခွဲခံရကာ လက်ရှိအချိန်ထိ သွားလာရေးခက်ခဲနေကြောင်း စစ်တောင်းမြို့ခံတစ်ဦးမှ DMG ကိုပြောသည်။
"တံတားက စစ်တောင်းကနေ ကျိုက်ထိုမြို့ဘက်ကိုသွားတဲ့ ကျေးရွာလမ်းမှာ ကိုယ်ထူကိုယ်ထဆောက်ထားတာပါ။ တံတားကို မိုင်းခွဲခံရတာတစ်ပတ်ရှိပြီ။ ဘာအကြောင်းနဲ့ဖောက်ခွဲခံရလဲဆိုတာတော့ မသိရဘူး။ သွားဖို့လာဖို့ဘယ်လိုမှအဆင်မပြေဖြစ်နေပါတယ်"ဟု ၎င်းမှပြောသည်။
ခဝါချောင်းတံတားကို ပြီးခဲ့သည့်မတ်လ ၂၁ ရက် နေ့လည် ၁ နာရီတွင်မိုင်းခွဲခံခဲ့ရပြီး တံတားဦးပိုင်းမှာ လုံးဝပြိုကျသွားခဲ့သည်။
ထိုသို့တံတားမိုင်းခွဲဖျက်ဆီးခံရမှုနှင့်ပက်သက်ပြီး မည်သည့်အဖွဲ့မှပြုလုပ်ခဲ့ကြောင်း လက်ရှိအချိန်အထိ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
လက်ရှိမှာ တံတားကို ပြန်လည်ပြင်ဆင်ရန် ဒေသခံများမှကြိုးပမ်းနေပြီး အချိန်ကာလကြာမြင့်နိုင်ကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးမှဆိုသည်။
"တံတားကိုပြန်ပြီးပြင်ဖို့တော့ ကြိုးပမ်းနေတယ်။ ကျေးလက်အဖွဲ့ကို အကြောင်းအကြားထားတာတော့ရှိပါတယ်။ အချိန်ကာလကတော့ တော်တော်လေးကိုကြာနိုင်မယ်ထင်တယ်။ ဘယ်လောက်လဲဆိုတာ ပြောမတတ်သေးဘူးဖြစ်နေတယ်"ဟု ၎င်းမှဆိုသည်။
ကျိုက်ထိုမြို့နယ်အနီးတဝိုက်နှင့် စစ်တောင်းမြို့အနီးအနားကျေးရွာတို့၌ KNU တပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံနှစ်ထောင်ကျော်ခန့်မှာ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရဆဲဖြစ်သည်။