- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲဒေသခံ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ် ချမှတ်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားရင်ဆိုင်နေရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ယနေ့(မေလ ၂၀ ရက်)ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ရှေ့နေထံမှ သိရသည်။
20 May 2022
DMG ၊ မေ ၂၀
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားရင်ဆိုင်နေရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ယနေ့(မေလ ၂၀ ရက်)ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ရှေ့နေထံမှ သိရသည်။
မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်နှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကဖမ်းဆီးခဲ့ပြီး ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်မှ တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းသို့စွဲဆိုထားသည့်အမှုဖြင့် ၎င်းတို့နှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။
"၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်ပါတယ်။ ချုပ်ရက်တွေကိုလဲ ထုတ်နှုတ်ခံစားခွင့်ရမှာပါ။ ချုပ်ရက်ကတော့ တစ်နှစ်နီးပါးလောက်တော့ရှိနေပြီ ဖြစ်ပါတယ်”ဟု ရှေ့နေကဆိုသည်။
ထိုသို့ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ ထောင်ဒဏ်ချမှတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပေ။
ရခိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀ ဦးထက်မနည်းရှိသည်။ ယင်းတို့အနက် မြောက်ဦးမြို့နယ်မှ အမျိုးသားတစ်ဦး၊ သံတွဲမြို့နယ်မှ အမျိုးသမီး ၃ ဦးနှင့် တောင်ကုတ်မြို့နယ်မှ အမျိုးသမီးတစ်ဦးတို့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။
လက်ရှိတွင် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့မှာလည်း ထောင်ဒဏ်ချမှတ်ခံလိုက်ရသဖြင့် PDF နှင့်ဆက်စပ်ပြီး ထောင်ဒဏ်ချမှတ်ခံရသူမှာ ရခိုင်ပြည်နယ်အတွင်းတွင် စုစုပေါင်း ၇ ဦးအထိရှိလာပြီဖြစ်သည်။