- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးမြို့ကိုရေပေးဝေနေသည့် လက်ဆည်ကန်တွင် ရေများညစ်ညမ်းနေ၍ သုံးစွဲရန်အခက်အခဲဖြစ်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကိုရေပေးဝေနေသည့် လက်ဆည်ကန်တွင် နှုန်းနှင့်ဒိုက်များ များပြားလာသဖြင့် ရေအရောင်မှာ ပြောင်းလဲလာပြီး သောက်သုံးရေအဖြစ်အသုံးပြုရန် အဆင်မပြေတော့ကြောင်း ဒေသခံများကပြောဆိုသည်။
11 Jan 2022
DMG ၊ ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကိုရေပေးဝေနေသည့် လက်ဆည်ကန်တွင် နှုန်းနှင့်ဒိုက်များ များပြားလာသဖြင့် ရေအရောင်မှာ ပြောင်းလဲလာပြီး သောက်သုံးရေအဖြစ်အသုံးပြုရန် အဆင်မပြေတော့ကြောင်း ဒေသခံများကပြောဆိုသည်။
လက်ဆည်ကန်အတွင်း သစ်ရွက်ခြောက်များကျခြင်း၊ နွံနစ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခြင်းနှင့် ဒိုက်မှော်များရှိနေခြင်းတို့ကြောင့် ယင်းကန်မှရေမှာ အရောင်ပြောင်းလာသည်ဟု ဒေသခံများက ဆိုသည်။
“လက်ဆည်ကန်ကရေကို ကျွန်တော်တို့သောက်သုံးလာခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ အခုတော့ကန်ထဲမှာ ဒိုက်တွေ၊ နှုန်းတွေများလာတာမို့ ရေထဲမှာအနည်တွေပါလာတယ်။ ကန်ရေကို သောက်သုံးဖို့ဆို့ခပ်ထားတဲ့ရေကို သုံးရက်လောက်အနည်ထိုင်အောင် စောင့်ရတယ်။ အခုဆိုကန်ရေအရောင်ကလည်း အနီရောင်ဖြစ်နေပြီ” ဟု မြောက်ဦးဒေသခံ ဦးဖြူသာထွန်းက DMG သို့ပြောကြားသည်။
ယခင်က လက်ဆည်ကန်ရေမှာ သန့်ရှင်းခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ပြီး ကန်အတွင်းနှုန်းနှင့် ဒိုက်မှော်များကြောင့် ရေအရောင်မှာ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
လက်ဆည်ကန်မှရေကို ကျန်းမာရေးဌာနမှစစ်ဆေးရာ ရေထုထဲတွင် အနည်နှင့်အခြားဓာတ်များပါဝင်နေပြီး ဘတ်တီးရီးယားပိုးများ ပါရှိနေကြောင်း မြောက်ဦးယဉ်ကျေးမှုစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကဆိုသည်။
“ရေထဲမှာ ရွံ့နွံတွေ၊ ဘတ်တီးရီးယားပိုးမွှားတွေ ရှိနေတယ်။ မြောက်ဦးသူ မြောက်ဦးသားတွေက မသန့်စင်တဲ့ရေကို သောက်နေရသလိုဖြစ်နေပြီ။ လက်ဆည်ကန်ကို ကျွန်မတို့လည်း ပြန်ပြုပြင်ချင်ပါတယ်။ ကျမတို့အနေနဲ့ တားမြစ်တယ်ဆိုတာ လုံးဝမရှိပါဘူး“ဟု ၎င်းကဆိုသည်။
ယင်းကန်မှာ မိုးရာသီထက် ပွင့်လင်းရာသီရောက်လျှင် နှုန်းများ ပိုမိုများပြားပြီး ငါးများသေဆုံးလေ့ရှိကြောင်း မြောက်ဦးဒေသခံ ဦးဇော်လင်းဦးကပြောသည်။
“ရေက သံချေးရောင်(အနီရောင်)ဖြစ်နေတယ်။ ရေကို ၃ ရက်လောက်အနည်ထိုင်ပြီးတော့မှ သုံးလို့အဆင်ပြေတယ်“ဟု ၎င်းက ဆိုသည်။
လက်ဆည်ကန်ထဲမှ နှုန်းများဖယ်ရှားရန် စက်ယန္တရားအခက်အခဲရှိပြီး မြေအောက်ပိုက်လိုင်းသွယ်တန်းပေးသည့်စနစ်အစား နှုန်းမြေပြင်နှင့်လွတ်ကင်းသည့် ကန်ရေမျက်နာပြင်တွင် တပ်ဆင်ကာ(Floating system)စနစ်ဖြင့်ရေပေးဝေရန် ခရိုင်စည်ပင်သာယာရေးဌာနထံတင်ပြထားကြောင်း မြောက်ဦးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
“ကန်ထဲကနွံတွေ တစ်နှစ်ထက်တစ်နှစ်ပိုများလာတယ်။ အဲဒီနွံတွေကိုဆယ်ယူဖို့ကလည်း နေရာကအခက်အခဲဖြစ်နေတယ်။ ဒါကြောင့် ရေပိုက်ခေါင်းကို အရင်လိုမြေအောက်ထားပြီးတော့ ရေပေးဝေနေမယ်ဆိုရင် နွံနစ်တွေက ရေထဲမှာပါလာမယ်။ နွံနစ်တွေ မပါအောင် ရေသုံးရတာလည်းအဆင်ပြေအောင် floating system နဲ့လုပ်ဖို့ ခရိုင်ကိုတင်ပြထားတယ်" ဟု ၎င်းကဆိုသည်။
မြောက်ဦးမြို့တွင် တစ်မြို့လုံးသောက်သုံးရေအဖြစ် လက်ဆည်ကန်နှင့် တောင်ဖြူဆည်မှရေကို အဓိကထားအသုံးပြုနေကြသည်။