- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော် မိုင်းထိလူနာ အရေးပေါ်ဆေးကုသခံနေရင်း သေဆုံး
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ရွက်မှိုင်း (ဝက်မှိုင်း) ကျေးရွာမှ မိုင်းထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် အမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်ဆေးရုံ မှ စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ပြီး စစ်တွေ (ကျား) အရိုးကုသဆောင်တွင် အရေးပေါ်ဆေးကုသခံယူနေရင်း ယနေ့ ညနေ ၃ နာရီခန့်က သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်ထံမှသိရသည်။
02 Jul 2022
DMG ၊ ဇူလိုင် ၂
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ရွက်မှိုင်း (ဝက်မှိုင်း) ကျေးရွာမှ မိုင်းထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် အမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်ဆေးရုံ မှ စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ပြီး စစ်တွေ (ကျား) အရိုးကုသဆောင်တွင် အရေးပေါ်ဆေးကုသခံယူနေရင်း ယနေ့ ညနေ ၃ နာရီခန့်က သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်ထံမှသိရသည်။
“ ကျနော့် အဖေက မနက်ကတည်းက ဆေးထိုးထားပြီးတော့ အိပ်နေတာပါ။ နေ့လယ်ဘက်လောက်ကတော့ အကောင်းရှိသေးတယ်။ ညနေ ၃ နာရီဝန်းကျင်လောက်မှာ နှိုးကြည့်လိုက်တော့ အသက်မရှိတော့ ဘူးဆိုတာသိရတာပါ။ အရမ်း ဝမ်းနည်းပါတယ် ” ဟု သားဖြစ်သူ ဦးကျော်သန်းက ဆိုသည်။
လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ဆရာဝန်လက်မှတ်မရသေးသည့်အတွက် မိမိနေထိုင်ရာကျေးရွာသို့ ယူဆောင်ခွင့်မရသေးကြောင့်လည်း ဦးကျော်သန်းက ဆိုသည်။
အဆိုပါ အမျိုးသားမှာ အသက် (၄၀)ကျော်အရွယ် ဦး သန်းစိန်မောင်ဖြစ်ပြီး ကျေးရွာနှင့် တစ်မိုင်ကျော်ကွာဝေး သည့် လယ်ပြင် မြန်မာစစ်တပ် တပ်ရင်း ၂၇၅ အနီးမှာ နွားရှာသွားစဉ် မိုင်းထိမှန်ခဲ့ပြီး ညာဘက်ခြေထောက် ပြတ်ထွက်သွားကာ ကျန်ခြေတစ်ချောင်းကိုလည်း ဖြတ်ပစ်ရမည်ဟု ဆရာဝန်က ပြောဆိုထားခြင်းဖြစ်သည်ဟု မိသာစုဝင်များထံမှ သိရသည်။
၎င်းတွင် ဒဏ်ရာပြင်းထန်သည့်အတွက် ယမန်နေ့ ညနေပိုင်းက စစ်တွေပြည်သူ့ဆေးရုံကြီးသို့အရေးပေါ် ပို့ ဆောင်လိုက်ရခြင်းဖြစ်ဖြစ်သည်။ စစ်တွေဆေးရုံကြီးတွင်းဆေးကုသနေစဉ်အတွင်း ဒဏ်ရာပြင်းသောဒဏ်ရာကြောင့် သေဆုံးသွားရခြင်းဖြစ်သည်။
မိုင်းနင်းမိသူ ဦးသန်းစိန်မောင်မှာ မိသားစုဝင် ၃ယောက်နှင့်အတူ မိမိကျေးရွာ၌ လယ်အငှားလုပ်ကိုင်နေသူတစ် ဦးဖြစ်ကြောင်းလည်း သိရသည်။
မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် ယခင်တိုက်ပွဲကာအတွင်း ဒေသခံ အရပ်သား ဒဏ်ရာရသူ ၁၃၂ နှင့် သေဆုံးသူ ၆၁ အထိရှိခဲ့ကြောင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းဇယားအရသိရသည်။
ယင်းအပြင် တိုက်ပွဲတည်ငြိမ်နေသည့် ၂၀၂၂ (ယခုနှစ်) တွင်လည်း မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ မကြာခဏပေါက်ကွဲမှုများရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၂ ဦးအထိရှိနေပြီး ယင်းအထဲမှ သေဆုံးသူ ၅ ဦးရှိနေပြီးဖြစ်ကြောင်းလည်း REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းထံ မှသိရသည်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ ဟင်းရှာသွားသည့် အမျိုးသမီးနှစ်ဦးမိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင် စခန်းမှ အမျိုးသားနှစ်ဦး တောင်ပေါ်သို့မျှစ်ချိုးသွားစဉ် မိုင်းနှင်းပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ အတွင်းတွင် ပလက်ဝ၊ မြေပုံ၊ ရသေ့တောင်တို့တွင် မိုင်းနင်းမိမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြသည်။
ဓာတ်ပုံ- CJ